အလက်ဇန္ဒား ဟာမီတန်
From Wikipedia, the free encyclopedia
အလက်ဇန္ဒား ဟာမီတန်(၁၇၅၅ (သို့) ၁၇၅၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် – ၁၈၀၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်)သည် အမေရိကန် အထင်ကရ နိုင်ငံရေးသမားဖြစ်သည့်အပြင် အမေရိကန်ပြည်ထောင်စု၏ တည်ထောင်သူဖခင်များထဲတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် နိုင်ငံတော် ဘဏ္ဍာရေးစနစ်၊ ဖက်ဒရယ်ပါတီ၊ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် နယူးယောက်ပို့စ်သတင်းစာတို့ကို တည်ထောင်သူလည်းဖြစ်သည်။ ပထမဆုံးသော ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဟာမီတန်သည် သမ္မတ ဂျော့ရှ် ဝါရှင်တန်၏ အုပ်ချုပ်မှုရေးအတွက် စီပွားရေးဆိုင်ရာမူဝါဒများကို အဓိကရေးဆွဲပေးသူတစ်ယောက်လည်း ဖြစ်သည်။ သူသည် အမေရိကန်တော်လှန်ရေးစစ်ပွဲကြွေးမြီများအတွက် ဖက်ဒရယ်အစိုးရ၏ ရန်ပုံငွေကို ဦးစီးဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏ ပထမဆုံးသော ဒီဖက်တို ဗဟိုဘဏ်နှစ်ခု (မြောက်အမေရိကဘဏ်နှင့် ပထမအမေရိကန်ပြည်ထောင်စုဘဏ်)၊ သွင်းကုန်အခွန်စနစ်၊ ဗြိတိန်နှင့် ရင်နှီးသော ကုန်သွယ်မှုဆက်ဆံရေးတို့ကို ဆောင်ရွက်ခဲ့သည်။ သူ့အမြင်တွင် တက်ကြွသော အုပ်ချုပ်မှုမှဦးဆောင်သော အားကောင်းသည့် ဗဟိုအစိုးရ၊ ခိုင်မာသော ကုန်သွယ်မှုစီးပွားရေး၊ ကုန်ထုတ်လုပ်မှုအတွက် အထောက်အပံ့နှင့် တောင့်တင်းသော အမျိုးသားကာကွယ်ရေးတို့ ပါဝင်သည်။
အလက်ဇန္ဒား ဟာမီတန် | |
---|---|
ဂျွန် ထရမ်ဘူးလ်ရေးဆွဲသော ပုံတူ (၁၈၀၆ ခုနှစ်) | |
ပထမမြောက် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး | |
တာဝန်သက်တမ်း ၁၇၈၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက် – ၁၇၉၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် | |
သမ္မတ | ဂျော့ချ် ဝါရှင်တန် |
ယခင်လူ | ဌာနစတင်ဖွင့်လှစ်ခဲ့ |
ဆက်ခံသူ | အော်လီဗာ ဝါလ်ကတ် ဂျူနီယာ |
အမေရိကန်ပြည်ထောင်စု တပ်မတော်ဦးစီးချုပ် | |
တာဝန်သက်တမ်း ၁၇၉၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် – ၁၈၀၀ ခုနှစ် ဇွန်လ ၁၅ ရက် | |
သမ္မတ | ဂျွန် အာဒမ်းဇ် |
ယခင်လူ | ဂျော့ချ် ဝါရှင်တန် |
ဆက်ခံသူ | ဂျိမ်းစ် ဝီလ်ကင်ဆန် |
နယူးယောက်မှ ကွန်ဖက်ဒရေးရှင်းကွန်ဂရက်သို့ ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၁၇၈၈ ခုနှစ် နိုဝင်ဘာလ ၃ ရက် – ၁၇၈၉ ခုနှစ် မတ်လ ၂ ရက် | |
ယခင်လူ | အက်ဂ်ဘတ် ဘင်ဆန် |
ဆက်ခံသူ | ဖျက်သိမ်းခဲ့ |
တာဝန်သက်တမ်း ၁၇၈၂ ခုနှစ် နိုဝင်ဘာလ ၄ ရက် – ၁၇၈၃ ခုနှစ် ဇွန်လ ၂၁ ရက် | |
ယခင်လူ | တည်ထောင်ခဲ့ |
ဆက်ခံသူ | ဖျက်သိမ်းခဲ့ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1755-01-11)ဇန်နဝါရီ ၁၁၊ ၁၇၅၅ သို့မဟုတ် ၁၇၅၇ ခုနှစ်[1] ချားလ်စ်တောင်းမြို့၊ နီးဗစ်ကျွန်း၊ ဗြိတိသျှလီဝပ်ဒ်ကျွန်းများ (ယခုအခါ စိန့်ကစ်နှင့် နီးဗစ်နိုင်ငံ) |
ကွယ်လွန် | ဇူလိုင် ၁၂၊ ၁၈၀၄(1804-07-12) (aged 47 or 49) နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် |
ကွယ်လွန်ရသည့် အကြောင်းရင်း | သေနတ်ဒဏ်ရာ |
သင်္ဂြိုဟ်ရာနေရာ | ထရီတနီဘုရားကျောင်းသင်္ချိုင်း |
နိုင်ငံရေးပါတီ | ဖက်ဒရယ်ပါတီ |
ကြင်ဖော်(များ) | အဲလီဇဘတ် စကိုင်းလာ (လက်ထပ် ၁၇၈၀) |
သားသမီး |
|
မိဘ | ဂျိမ်းစ် ဟာမီတန် ရေချယ် ဖူးဆတ် |
ဆွေမျိုးသားချင်း | ဟာမီတန် မိသားစု |
ပညာရေး | ဘုရင့်ကောလိပ် (ယခုအခါ ကိုလံဘီယာ တက္ကသိုလ်) |
လက်မှတ် | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | New York (၁၇၇၅-၁၇၇၇) အမေရိကန် (၁၇၇၇–၁၈၀၀) |
တပ်/တပ်ဖွဲ့ခွဲ | နယူးယောက်ပြည်နယ် အမြောက်တပ်ခွဲ ကွန်တီနန်တယ်တပ်မတော် ပြည်ထောင်စုတပ်မတော် |
အမှုထမ်းကာလ | ၁၇၇၅–၁၇၇၆ (ပြည်သူ့စစ်) ၁၇၇၆–၁၇၈၂ ၁၇၉၈–၁၈၀၀ |
ရာထူး | ဗိုလ်မှူးချုပ် |
Commands | အမေရိကန်ပြည်ထောင်စု တပ်မတော်ဦးစီးချုပ် |
တိုက်ပွဲ/စစ်ပွဲများ |
|
ဟာမီတန်ကို နီဗစ်ကျွန်းရှိ ချားလ်စ်တောင်းမြို့တွင် လက်မထပ်ရသေးသော မိဘများမှမွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် မိဘမဲ့တစ်ဦးဖြစ်ခဲ့ကာ ချမ်းသာသော ကုန်သည်မိသားစုမှ မွေးစားခဲ့သည်။ အရွယ်ရောက်လာသောအခါတွင် နယူးယောက်မြို့သို့ ပညာသင်ကြားရန် စေလွှတ်ခဲ့သည်။ ကျောင်းသားဘဝတွင် ကွန်တီနန်တယ်ကွန်ဂရက်(Continental Congress)အား ထောက်ခံသောအမြင်များကို ကလောင်အမည်ဖြင့် ရေးသားခဲ့ပြီး လူထုဟောပြောပွဲများလည်း ပြုလုပ်ခဲ့သည်။ အမေရိကန်တော်လှန်ရေးစစ်ပွဲ စတင်သောအခါတွင် ပြည်သူ့စစ်တစ်ဦးအနေဖြင့် စတင်တာဝန်ထမ်းခဲ့သည်။ ကွန်တီနန်တယ်တပ်တွင် အမြောက်အရာရှိတစ်ဦးအဖြစ် နယူးယောက်နှင့် နယူးဂျာစီကန်ပိန်းတို့ကို ကြုံတွေခဲ့ရသည်။ ၁၇၇၇ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ် ဂျော့ရှ်ဝါရှင်တန်၏ အကြီးတန်းကိုယ်ရေးအရာရှိတစ်ဦး ဖြစ်လာခဲ့သော်လည်း ယော့ခ်တောင်းမြို့သိမ်းတိုက်ပွဲအောင်ပွဲတွင် စစ်မြေပြင်တပ်မှူးအဖြစ် အချိန်မီပြန်လာခဲ့ပြီး စစ်မက်ဖြစ်ပွားလိုမှုကို အဆုံးသတ်ပေးနိုင်ခဲ့သည်။
စစ်ကြီးပြီးဆုံးပြီးနောက် ကွန်ဖက်ဒရေးရှင်းကွန်ဂရက်အတွက် နယူးယောက်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသည်။ သူသည် ဥပဒေလေ့လာခြင်းကို စွန့်လွတ်ခဲ့ပြီး နိုင်ငံရေးလောကထဲသို့ မဝင်ရောက်မီတွင် နယူးယောက်ဘဏ်ကို တည်ထောင်ခဲ့သည်။ ဟာမီတန်သည် ကွန်ဖက်ဒရေးရှင်းဥပဒေ (Articles of Confederation)အောက်ရှိ ကွန်ဖက်ဒရယ်အစိုးရ၏ အားနည်းချက်များကို အစားထိုးရန် ရှာဖွေသောအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၇၈၆ ခုနှစ်တွင် အန်နာပိုလစ်ညီလာခဲ့ကို ဦးဆောင်ကျင်းပခဲ့ကာ ၎င်းသည် ဖီလာဒဲလ်ဖီးယားမြို့၌ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ညီလာခံအား ခေါ်ယူစေရန် ကွန်ဂရက်အား စေ့ဆော်မှုတစ်ခုဖြစ်လာခဲ့သည်။ သူသည် ဖက်ဒရယ်စာတမ်းများ၏ ၈၁ ခုအနက် ၅၁ ခုအား ရေးသားခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုနိုင်ရန်အတွက် ကူညီပေးခဲ့ပြီး ၎င်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်အတွက် အရေးကြီးဆုံးသော ကိုးကားမှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။
ဟာမီတန်သည် သမ္မတဝါရှင်တန်၏ ပထမဆုံးသော အစိုးရအဖွဲ့တွင် ယုံကြည်ရသော အဖွဲ့ဝင်အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့သည်။ ဟာမီတန်သည် ဖွဲ့စည်းပုံ၏ သွယ်ဝိုက်သောအခွင့်အာဏာများသည် နိုင်ငံတော်ကြွေးမြီးများကို ပြည်နယ်များ၏ ကြွေးမြီအဖြစ် ရန်ပုံငွေထားရှိရန် တရားဝင်အာဏာရှိကြောင်း စောဒကတက်နိုင်ခဲ့ပြီး အစိုးရကျောထောက်နောက်ခံပြု အမေရိကန်ပြည်ထောင်စုဘဏ်(ပထမအမေရိကန်ပြည်ထောင်စုဘဏ်)ကို တည်ထောင်ရန် ဆောင်ရွက်နိုင်ခဲ့သည်။ ဤအစီအစဉ်တွင် သွင်းကုန်များပေါ်မှ အခွန်ကောက်ခံခြင်းတို့ အဓိကပါဝင်ပြီး နောက်တွင် အငြင်းပွားဖွယ် ဝီစကီအခွန်ဥပဒေများ ပါဝင်ခဲ့သည်။ သူသည် မတည်မငြိမ်ဖြစ်နေသော ပြင်သစ်တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်မှုယန္တရားအရှုပ်ထဲတွင် ပတ်သက်ခြင်းအား ဆန့်ကျင်ခဲ့သည်။ ဟာမီတန်၏ အမြင်များသည် သောမတ်စ် ဂျက်ဖာဆင်နှင့် ဂျိမ်းစ် မဒီဆင်တို့ ဦးဆောင်သော ဒီမိုကရက်တစ်-ရီပါပလီကန်ပါတီ၏ အတိုက်အခံဖြစ်လာမည့် ဖက်ဒရယ်ပါတီ၏ အုတ်မြစ်များ ဖြစ်လာခဲ့သည်။ ယနေ့ခတ်တိုင်အောင် နိုင်ငံထူထောင်ပြီးသည်မှစ၍ သူသည် ဝန်ကြီးဌာနတစ်ခုကို ဦးဆောင်ခဲ့သော အသက်အငယ်ဆုံးသော အမေရိကန်အစိုးအဖွဲ့ဝင် ဖြစ်နေဆဲပင် ဖြစ်သည်။
၁၇၉၅ ခုနှစ်သူ နယူယောက်မြို့သို့ ဥပဒေပညာလေ့လာရန် ပြန်သွားခဲ့သည်။ ၁၇၉၈-၉၉ တွင် ပထမပြင်သစ်သမ္မတနိုင်ငံ၏ စစ်မက်ဖြစ်ပွားလိုမှုကို ဆန့်ကျင်ရန် သမ္မတ ဂျွန် အာဒမ်းဇ်မှ တောင်းဆိုမှုကြောင့် အမေရိကန်တပ်မတော်၏ စစ်ဦးစီးချုပ်ဖြစ်လာပြီး စစ်ပွဲအတွက် ပြန်လည်ဖွဲ့စည်းခြင်း၊ ခေတ်မီအောင် ပြုပြင်ခြင်းဖြင့် စစ်အတွက် အသင့်ဖြစ်စေရန် ပြင်ဆင်ခဲ့သည်။ ကွာဇိုင်စစ်ပွဲတွင် မည်သည့်တိုက်ပွဲမှ တိုက်ခိုက်ရခြင်းမရှိသေးဘဲနှင့် ပြင်သစ်နှင့်အကြပ်အတည်းကို အဒမ်၏ သံတမန်နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့ခြင်းကို ဟာမီတန်မှ ဒေါသထွက်ခဲ့သည်။ ထို့ကြောင့် သူနှင့်ဆန်ကျင့်ဘက်အနေအထားဖြင့် အဒမ်၏နောက်တစ်ကြိမ်ပြန်လည်ရွေးကောက်ခံရန် ယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်စေခဲ့ပြီး ၁၈၀၀ ခုနှစ်သမ္မတရွေးကောက်ပွဲ၌ ဖက်ဒရယ်ပါတီ ရှုံးနိမ့်ခဲ့သည်။ ဂျက်ဖာဆင်နှင့် အာရွန်ဘားတို့မှလည်း သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဘား၏ သိက္ခာမဲ့မှုကို တွေ့ရသဖြင့် ဘားအား ရှုံးနိမ့်စေ၍ အမြင်မတူညီသော်လည်း ဂျက်ဖာဆင်ကို အနိုင်ရစေခဲ့သည်။
ဟာမီတန်သည် နယူးယောက်မြို့တွင် ဥပဒေနှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာကျွန်ကုန်ကူးမှုကို တရားဝင်အဆုံးသတ်စေရန် ကြိုးပမ်းခဲ့သည်။ ဒုသမ္မတ ဘားသည်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးနေရာအတွက် ၁၈၀၄ ခုနှစ်တွင် ယှဉ်ပြိုင်ခဲ့ရာ ဟာမီတန်သည် သူအား မထိုက်တန်သောသူအဖြစ် မဲဆွယ်ခဲ့သည်။ ရန်လိုမှုများနှင့် ဘားသည် ဟာမီတန်အား ၁၈၀၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဒျူယယ် (တစ်ယောက်ချင်းသေနတ်ပစ်)ပြိုင်ရန် စိန်ခေါ်ခဲ့ပြီး ဘား၏ ပစ်ချက်သည် ဟာမီတန်အား သေစေနိုင်လောက်သော ဒဏ်ရာရစေပြီး နောက်တနေ့တွင် သေဆုံးခဲ့ရသည်။
ဟာမီတန်သည် စိတ်အားတန်သန်ပါက လိမ္မာပါးနပ်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်သော အုပ်ချုပ်သူ၊ နိုင်ငံရေးသမားနှင့် ငွေကြေးစီမံခန့်ခွဲသူအဖြစ် ယေဘုယျအားဖြင့် မှတ်ယူကြသည်။ သူ၏ အတွေးအမြင်များသည် အမေရိကန်အစိုးနှင့် ဘဏ္ဍာရေးကဏ္ဍအတွက် အုတ်မြစ်ချနိုင်ခဲ့သည်ဟု ရည်ညွှန်းဖော်ပြကြသည်။