အလက်ဇန္ဒား ဖလင်းမင်း
စကောတလန်လူမျိုး ဇီဝဗေဒပညာရှင် / From Wikipedia, the free encyclopedia
ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်း (Alexander Fleming) ကို ၁၈၈၁ ခုနှစ်က စကော့တလန်ပြည်နယ် ကော့ဒ်ဖီလ်မြို့၌ ဖွားမြင့်ခဲ့သည်။ လန်ဒန်မြို့ စိန့်မေရီ ဆေးကျောင်းမှ ဘွဲ့ရပြီး ဖလင်းမင်းသည် ဆေးဝါး သုတေသန လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့သည်။
Alexander Fleming | |
---|---|
Sir Alexander Fleming in his laboratory at St Mary's, Paddington, London (1943). | |
မွေးဖွား | (1881-08-06)၆ ဩဂုတ်၊ ၁၈၈၁ Darvel, East Ayrshire, Scotland |
ဆုံးပါး | ၁၁ မတ်၊ ၁၉၅၅(1955-03-11) (အသက် ၇၃) London, England |
ခေါင်းချရာ | St. Paul's Cathedral |
နိုင်ငံသား | British |
နယ်ပယ် | Bacteriology, immunology |
မိခင်ကျောင်း |
|
ကျော်ကြားမှုအရင်းခံ | ပင်နီဆီလင် နှင့် Lysozyme အား ရှာဖွေတွေ့ရှိခြင်း |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ |
|
လက်မှတ် |
ပထမ ကမ္ဘာစစ်ကြီးတွင် စစ်ဆရာဝန်အဖြစ် ထမ်းဆောင်စဉ် ဒဏ်ရာများကို လေ့လာရာ၌ ရောဂါကာကွယ်ဆေးကြောင့် မိုက်ခရုတ်ပိုးများထက်ပိုပြီး ကိုယ်ခန္ဓာဆဲလ်များမှာ ထိခိုက်မှု ပိုမိုဖြစ်ပွားကြောင်း သတိပြုမိလာသည်။ ဤနေရာတွင် လူသား၏ ဆဲလ်များကို မထိခိုက်စေဘဲ ဘက်တီးရီးယားကို ချေမှုန်းနိုင်မည့် ဆေးဝါးများ တီထွင်ရန် လိုအပ်ကြောင်း သိလာသည်။
စစ်ပြီးကာလ စိန့်မေရီဆေးရုံသို့ ဒေါက်တာဖလင်းမင်း ပြန်လာပြီး သုတေသန ပြုလုပ်သောအခါ လိုင်ဆိုဇုန်းခေါ် ပစ္စည်းတစ်မျိုးကို တွေ့ရှိသည်။ လိုင်ဆိုဇုန်းမှာ လူ့ခန္ဓာမှ ထွက်လာခြင်း ဖြစ်သည်။ ယင်းသည် လူ့ဆဲလ်ကို အန္တရာယ် မဖြစ်ပေ။ မိုက်ခရုတ်များကို ၎င်းက နှိမ်နင်းပေးနိုင်သော်လည်း လူကို အန္တရာယ်ပြုစေသည့် ပိုးမွှားများကိုမူ မနှိမ်နင်းနိုင်ခဲ့ပေ။