အရက်
ပေါင်းခံခြင်းမှ ထုတ်လုပ်သော အယ်လ်ကိုဟော ပါဝင်သည့် အဖျော်ယမကာ / From Wikipedia, the free encyclopedia
ဘိန်းမှာ ခရစ်နှစ် ၁၈၀ဝ မတိုင်မီက ပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်။
အရက်သည် ဓာတုဗေဒအခေါ်အဝေါ်အားဖြင့် အီသိုင်းအယ်လ်ကိုဟော (Ethyl Alcohol) သို့မဟုတ် အက်သနော(Ethanol) ဖြစ်ပြီး ယစ်မျိုးဥပဒေအရ အရက်စစ် အီသိုင်းအယ်လ်ကိုဟော အလေးချိန်နှင့် ထုထည်အချိုး (၂ mg%)နှုန်းထက် ပိုမိုပါဝင်သော အရည်ကို အရက်ဟု သတ်မှတ်ထားသည်။ အရက်ကို အကြမ်းအားဖြင့် ဘီယာအုပ်စု(Beer)၊ ဝိုင်အုပ်စု(Wine)နှင့် အပြင်းစားအရက်အုပ်စု(Spirit or Strong)ဟူ၍ ခေါ်ဆိုသည်။ ဘီယာအုပ်စုတွင် များသောအာဖြင့် အရက်စစ်စစ် (Pure Alcohol) အလေးချိန်နှင့် ထုထည်အချိုး ၃ mg% မှနေ၍ ၁၀ mg% အထိပါဝင်ပြီး ဝိုင်အုပ်စုတွင် ၉ mg% မှနေ၍ ၁၅ mg% အထိ၊ အပြင်းစားအရက်အုပ်စုများတွင် ၃၀ mg% နှင့်အထက် အသီးသီး ပါရှိကြသည်။ ဝိုင်အုပ်စုမှ ထုတ်လုပ်သည့် အသီးအနှံအပေါ်မူတည်ပြီး စပျစ်ဝိုင်၊ ပန်းသီးဝိုင်၊ နာနတ်ဝိုင် စသဖြင့် ခေါ်ဝေါ်ကြသည်။ အပြင်းစာအရက်များတွင် ဝီစကီ၊ ဘရန်ဒီ၊ ဂျင်၊ ရမ် စသည်တို့ ပါဝင်ကြသည်။ ထန်းရည်၊ ဓနိရည်များပင်လျှင် အယ်လ်ကိုဟော ၂ mg% အထက်ပါဝင်ပါက အရက်ဟု သတ်မှတ်နိုင်သည်။ ဘီယာသည် အရက်ပင် ဖြစ်သည်။|