အင်္ဂလိပ်-မြန်မာ စစ်ပွဲများ
၁၉ရာစု၌ ဗြိတိသျှအင်ပါယာနှင့် ကုန်းဘောင်ဧကရာဇ်နိုင်ငံတို့ကြား ဖြစ်ပွားခဲ့သော စစ်ပွဲများ / From Wikipedia, the free encyclopedia
ဥရောပတိုက်တွင် စက်မှုလက်မှု ထွန်းကားချိန်မှစ၍ ထွက်ကုန်ပစ္စည်းများသည် သုံးအားထက်ပိုလျက်ရှိရာ ဈေးကွက်ရှာရန်လိုလာခြင်း၊ ကုန်ပစ္စည်းများပြုလုပ်ရန် ကုန်ကြမ်းများလိုလာခြင်းတို့ကြောင့် နယ်ချဲ့ဝါဒသည်ပေါ်ပေါက်ခဲ့လေသည်။ သို့ဖြစ်ရကား ကုန်ပစ္စည်းအများဆုံးလုပ်နိုင်သော အင်အားနှင့်ပြည့်စုံသည့် အင်္ဂလိပ်တို့သည် နယ်သစ်၊ ဒေသသစ်များပိုင်ဆိုင်ရန် ပို၍ကြိုးစားကြလေသည်။
အိန္ဒိယနိုင်ငံဘက်တွင် ခြေကုပ်မိနေပြီဖြစ်သော အင်္ဂလိပ်တို့သည်မြန်မာတို့၏အင်အားကိုကြည့်၍ နယ်ချဲ့ရန် စိုင်းပြင်းလျက်ရှိကြလေသည်။ ယင်းသို့ စီးပွားရေးနယ်ချဲ့ရန် ကြိုးစားရင်းဖြင့်မြန်မာတို့နှင့်
သုံးကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ကြရရာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်နိုင်ခဲ့ကြသည်။ ထိုအင်္ဂလိပ်- မြန်မာစစ်ပွဲသုံးပွဲစလုံးသည် ကုန်းဘောင်ခေတ်တွင် ဖြစ်ပွားခဲ့လေသည်။ ကုန်းဘောင်ခေတ်အစ အလောင်းဘုရားဘုန်းတန်ခိုး တက်ဖြိုးစအချိန်တွင် ပေါ်တူဂီ၊ ဒတ်ချ၊ ပြင်သစ်၊ အင်္ဂလိပ်လူမျိုးတို့သည် သံလျင်မြို့ကိုအခြေပြု၍ ကုန်ရောင်းကုန်ဝယ်
လုပ်လျက်ရှိကြသည်။ အိန္ဒိယနိုင်ငံတွင် အခြေစိုက်ထားသော အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယကုမ္ပဏီသည် အလောင်းဘုရား၏ ခွင့်ပြုချက်ဖြင့် ဟိုင်းကြီးကျွန်းတွင် ဖွင့်လှစ်ထားရာမှ ရန်ကုန် နှင့်ပုသိမ်တို့တွင် ကုန်တိုက်များဆောက်လုပ်ခွင့်နှင့် ကူးသန်းရောင်းဝယ်ခွင့်ပါ ရရှိလေသည်။ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကိုလည်း ချုပ်ဆိုသည်။ ယင်းသို့ အခွင့်အရေးများ ရရှိပါလျက် မြန်မာတို့အား ပုန်ကန်ရန်ကြံရွယ်ကြသော မွန်တို့အား အင်္ဂလိပ်တို့သည် လက်နက်များ ရောင်းချခဲ့လေသည်။ ထိုအခါ အလောင်းဘုရားသည် ပုသိမ်မြို့ဝန်အား ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ကိုဆုံးမရန် အမိန့်ပေးသည်တွင် ထိုအရပ်ရှိ အင်္ဂလိပ်အများအပြား သေဆုံးကြရသည်။ အလောင်းဘုရားအား ဆက်ခံသော နောင်တော်ကြီးမင်းလက်ထက်တွင် အင်္ဂလိပ်တို့က ဟိုင်းကြီးကျွန်းအရေးတွင် သေဆုံးရသူများအတွက် လျော်ကြေးတောင်းဆိုလေသည်။ နောင်တော်ကြီးမင်းသည် အင်္ဂလိပ်တို့အား လျော်ကြေးမပေးရုံမက အလောင်းဘုရားနှင့် ချုပ်ဆိုခဲ့သော စာချုပ်ကိုလည်း အသိအမှတ်မပြုချေ။ သို့ရာတွင် ရန်ကုန်နှင့် ပုသိမ်မြို့များ၌ နောက်ထပ်ကုန်တိုက်များ ဖွင့်သည်ကိုကား သနားတော်မူသည်။
Anglo-Burmese Wars | |||||||||
---|---|---|---|---|---|---|---|---|---|
European colonisation of Southeast Asia၏ တစ်စိတ်တစ်ပိုင်း | |||||||||
Photograph of surrender of the Burmese Army, 3rd Anglo-Burmese War | |||||||||
| |||||||||
Belligerents | |||||||||
Co-belligerent: Rattanakosin Kingdom (Siam) (until 1826) |
| ||||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||||
Henry Godwin Garnet Wolseley Harry Prendergast Lord Amherst Sir Edward Paget Sir Archibald Campbell Joseph Wanton Morrison # Co-belligerent: Rama III Chaophraya Mahayotha Phraya Surasena Phraya Chumphon |
King Bagyidaw Thibaw Min Pagan Min Maung Gyi Kyauk Lon Maha Bandula † Maha Ne Myo † Minkyaw Zeya Thura | ||||||||
ပါဝင်သည့် တပ်ဖွဲ့များ | |||||||||
Presidency armies Royal Regiments Co-belligerent: Royal Siamese Army |
| ||||||||
စစ်အင်အား | |||||||||
over 50,000 (include Siamese) | over 40,000 | ||||||||
အသေအပျောက် | |||||||||
Unknown but some died by disease | Unknown |