အင်ဂျင်ခန်း
From Wikipedia, the free encyclopedia
သင်္ဘောပေါ်ရှိ အင်ဂျင်ခန်း (Engine Room) သို့ ER သည် သင်္ဘောတစ်စီးလုံး ရွေ့လျားသွားလာနိုင်ရန် စက်ပစ္စည်းများ ထည့်သွင်းထားသော နေရာတစ်ခုဖြစ်သည်။ သင်္ဘော၏ လုံခြုံမှုနှင့် ဘေးအန္တရာယ် ကျရောက်မှုတို့ကို ပိုမိုကြံကြံခံနိုင် စေရန်အတွက် စက်ပစ္စည်းများကို နေရာသတ်မှတ်၍ ခွဲခြားထားရသည်။ အင်ဂျင်ခန်းသည် ထိုနေရာများထဲမှ တစ်ခုဖြစ်ပြီး စက်ပစ္စည်းအများဆုံး နေရာတစ်ခုလည်းဖြစ်သည်။ အင်ဂျင်ခန်းသည် သင်္ဘောကိုရွေ့လျားစေရန် အဓိက စက်မကြီး (Main Engine) ကို အခြေပြု၍ တည်ဆောက်ထားသည်။ တချို့သော သင်္ဘောများတွင် အင်ဂျင်ခန်းကို တစ်ခုထက်ပို၍ တွေ့ရတက်သည်။ အရှေ့အင်ဂျင်ခန်း၊ အနောက်အင်ဂျင်ခန်း (Forward and aft) သို့မဟုတ် ဘေးဘယ်ညာအင်ဂျင်ခန်း (port and starboard) သို့မဟုတ် အင်ဂျင်ခန်း ၁ အင်ဂျင်ခန်း ၂ စသည်ဖြင့် တွေ့ရတတ်သည်။
အင်ဂျင်ခန်းကို သဘော်အများစုတွင် အနောက်ဘက် အောက်ဆုံးတွင် တွေ့ရတတ်သည်။ ထိုပုံစံသည် ကုန်စည်သယ်ဆောင်မည့် နေရာကို ပိုမိုရရှိစေနိုင်သည်။ တချို့ သင်္ဘောများတွင် အင်ဂျင်ခန်းသည် သင်္ဘော၏ အလည်တွင်တည်ရှိကြသည်။ များသောအားဖြင့် ၁၉၀၀ နှင့် ၁၉၆၀ ခုနှစ်များ ကြားတည်ဆောက်ထားသော သဘော်များတွင်တွေ့ရ တတ်သည်။ ယခုနောက်ပိုင်းတွင် Diesel electric propulsion package များပေါ်ပေါက်လာသည်နှင့် အမျှ အင်ဂျင်ခန်းကို သင်္ဘော၏ ပုံစံပေါ်မူတည်၍ တည်ဆောက်ကြသည်။