ဟစနီး မူဘာရက်
အီဂျစ်နိုင်ငံသားသမ္မတ၊နိုင်ငံရေးသမား / From Wikipedia, the free encyclopedia
မိုဟာမက် ဟစနီး အက်ဆီးယစ် မူဘာရက် (အင်္ဂလိပ်: Muhammad Hosni El Sayed Mubarak[မှတ်စု 1]) (၄ မေ ၁၉၂၈ – ၂၅ ဖေဖော်ဝါရီ ၂၀၂၀) သည် အီဂျစ်နိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၈၁မှ ၂၀၁၁ထိ ထမ်းဆောင်ခဲ့သော အီဂျစ်သမ္မတဖြစ်၍ အီဂျစ်နိုင်ငံ ၏ စတုတ္ထမြောက်သမ္မတလည်းဖြစ်သည်။
ဟစနီး မူဘာရက် | |
---|---|
حسني مبارك | |
မူဘာရက် (၂၀၀၉) | |
စတုတ္ထမြောက် အီဂျစ်နိုင်ငံ၏ သမ္မတ | |
တာဝန်သက်တမ်း 14 October 1981 – 11 February 2011 | |
ဝန်ကြီးချုပ် | See list
|
ဒုတိယ သမ္မတ | Omar Suleiman[a] |
ယခင်လူ | Sufi Abu Taleb (Acting) |
ဆက်ခံသူ | Mohamed Hussein Tantawi (Interim) |
အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း 7 October 1981 – 2 January 1982 | |
သမ္မတ | Sufi Abu Taleb (Acting) Himself |
ယခင်လူ | Anwar Sadat |
ဆက်ခံသူ | Ahmad Fuad Mohieddin |
၁၅ကြိမ်မြောက် အီဂျစ်နိုင်ငံ၏ ဒုတိယ သမ္မတ | |
တာဝန်သက်တမ်း 16 April 1975 – 14 October 1981 | |
သမ္မတ | Anwar Sadat |
ယခင်လူ | Hussein el-Shafei Mahmoud Fawzi |
ဆက်ခံသူ | Omar Suleiman[a] |
the Non-Aligned Movement ၏ အထွေထွေအတွင်းရေးမှူး | |
တာဝန်သက်တမ်း 16 July 2009 – 11 February 2011 | |
ယခင်လူ | Raúl Castro |
ဆက်ခံသူ | Mohamed Hussein Tantawi (Acting) |
အီဂျစ်လေတပ်၏ Commander | |
တာဝန်သက်တမ်း 23 April 1972 – 16 April 1975 | |
သမ္မတ | Anwar Sadat |
ယခင်လူ | Ali Mustafa Baghdady |
ဆက်ခံသူ | Mahmoud Shaker |
အီဂျစ်လေတပ် တက္ကသိုလ်၏ ညွှန်ကြားရေးမှူး | |
တာဝန်သက်တမ်း November 1967 – June 1969[1] | |
ယခင်လူ | Yahia Saleh Al-Aidaros |
ဆက်ခံသူ | Mahmoud Shaker |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မိုဟာမက် ဟစနီး အက်ဆီးယစ် မူဘာရက် (1928-05-04)၄ မေ၊ ၁၉၂၈ Kafr-El Meselha, အီဂျစ် |
ကွယ်လွန် | ၂၅ ဖေဖော်ဝါရီ၊ ၂၀၂၀(2020-02-25) (အသက် ၉၁) ကိုင်ရိုမြို့, အီဂျစ်နိုင်ငံ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရက်တစ်ပါတီ(အီဂျစ်) (1978–2011) |
ကြင်ဖော်(များ) | Suzanne Thabet (လက်ထပ် 1959) |
သားသမီး |
|
မိခင်ကျောင်း | အီဂျစ် စစ်တက္ကသိုလ် အီဂျစ် လေတက္ကသိုလ် ဆိုဗိယက် ဖရူးန်ဇီး စစ်တက္ကသိုလ် |
လက်မှတ် | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | Egypt |
တပ်/တပ်ဖွဲ့ခွဲ | Egyptian Air Force |
အမှုထမ်းကာလ | 1950–1975 |
ရာထူး | – လေတပ်စစ်ဦးစီးချုပ် (Air Chief Marshal)[2] |
Commands | အီဂျစ် လေတပ် အီဂျစ် လေတက္ကသိုလ် ဘန်းနီ ဆူးအက်ဖ် လေတပ်အခြေစိုက်စခန်း (Beni Suef Air Base) ကိုင်ရိုအနောက်လေတပ်အခြေစိုက်စခန်း (Cairo West Air Base) |
a. ^ Office vacant from 14 October 1981 to 29 January 2011 b. ^ as Chairman of the Supreme Council of the Armed Forces]] c.^ c. military rank withdrawn after trial |
နိုင်ငံရေးလောကသို့ မဝင်ရောက်မီ မူဘာရက်သည် အီဂျစ်လေတပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၇၂မှ ၁၉၇၅ထိ အရေးပါသောထိပ်တန်းအရာရှိတစ်ဦးအဖြစ်ထမ်းဆောင်၍ ၁၉၇၃တွင် လေတပ်ဦးစီးချုပ်(air chief marshal)အဖြစ် ရာထူးတိုးမြင့်ရရှိခဲ့သည်။[2] ၁၉၈၁ သမ္မတ အန်ဝေါ ဆက်ဒက်လုပ်ကြံခံရပြီးနောက် သမ္မတဖြစ်လာခဲ့သည်။ မူဘာရက်၏ သမ္မတသက်တမ်းသည် နှစ်သုံးဆယ် နီးပါးကြာမြင့်ခဲ့၏ ။၁၈၀၅မှ ၁၈၄၈ထိ (၄၃)နှစ်ကြာ အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့သော အောတမန် အုပ်ချုပ်သူ မိုဟာမက် အလီ ဘာရှ (Muhammad Ali Pasha) ပြီးလျှင် ဒုတိယသက်တမ်းအကြာဆုံးဖြစ်လေသည်။[3] မူဘာရက်သည် ၂၀၁၁ အီဂျစ်တွင် ၁၈ရက်ကြာ ဖြစ်ပွားခဲ့သော တော်လှန်ရေးအတွင်း၌ နုတ်ထွက်ခဲ့သည်။[4] ၂၀၁၁ ဖေဖော်ဝါရီ ၁၁တွင် ထိုစဉ်က ဒုသမ္မတဖြစ်သူက သမ္မတနှင့် ၎င်းတို့ အသီးသီးနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက် စစ်တပ်၏ ထိပ်တန်းကောင်စီကို အာဏာလွှဲပေးခဲ့လေသည်။[5][6]
၂၀၁၁ ဧပြီ ၁၃၊ အစိုးရရှေ့နေတစ်ဦးက မူဘာရက်နှင့် သားနှစ်ယောက်ကို အကျင့်ပျက်ချစားမှုနှင့် အာဏာအလွဲသုံးစာမှုများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ၁၅ရက်ကြာ ထိန်းသိမ်းခဲ့သည်။[7] အီဂျစ်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသောသူများကို သတ်ဖြတ်ခြင်းအားတားဆီးရန် ပျက်ကွက်ခဲ့မှုအတွက် (တာဝန်ပျက်ကွက်မှု)စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သည်။[8] ၂၀၁၁ ဩဂုတ်လ ၃ရက်မှ စတင်ရုံးထုတ်သည်။[9] ၂၀၁၂ ဇွန် ၂၊ အီဂျစ်တရားရုံးက မူဘာရက်အား တစ်သက်တစ်ကျွန်းထောင်ဒဏ်စီရင်ခဲ့သည်။ ပြစ်ဒဏ်စီရင်ပြီးနောက် ကျန်းမာရေးဆိုးရွားမှုများဖြစ်ပေါ်လာခဲ့ကြောင်း သတင်းအရသိရှိရသည်။ ၂၀၁၃ ဇန်နဝါရီ ၁၃ ၌ အီဂျစ်နိုင်ငံ၏ ထိပ်တန်းအယူခံရုံးတော်မှ မူဘာရက်၏ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပြီး ထပ်မံတရားရင်ဆိုင်စေသည်။[10] ပြန်လည်တရားရင်ဆိုင်ရာတွင် မူဘာရက်နှင့် သားများအား အကျင့်ပျက်ချစားမှုဖြင့် ၂၀၁၅ မေ ၉တွင် ထောင်ဒဏ် စီရင်ခဲ့သည်။[11] မူဘာရက်ကို စစ်ဆေးရုံတွင် ထိန်းသိမ်းထားပြီး ၎င်းသားများကို ၂၀၁၅ အောက်တိုဘာ ၁၂ ၌ ကိုင်ရိုတရားရုံးက လွှတ်ပေးခဲ့သည်။[12] ၎င်းကိုလည်း ၂၀၁၇ မတ်လ ၂ ၌ အပြစ်မရှိကြောင်းစီရင်၍ ၂၀၁၇ မတ် ၂၄တွင် လွှတ်ပေးခဲ့၏ ။[13][14]
၂၀၂၀ ဖေဖော်ဝါရီ ၂၅တွင် ကွယ်လွန်ခဲ့သည်။[15][16] ကိုင်ရိုမြို့ပြင် မိသားစုမြေကွက်၌ စစ်ရေးဆိုင်ရာဖြင့် မြုပ်နှံခွင့်ရရှိခဲ့သည်။[17]