သုက်ပန်းခြင်း
From Wikipedia, the free encyclopedia
သုက်ပန်းခြင်းသည် သုက်ရည်များ လိင်တံ မှ ပန်းထွတ်ခြင်း ဖြစ်ပြီး များသောအားဖြင့် လိင်အထွပ်အထိတ် (orgasm) ရောက်လေ့ရှိသည်။ လိင်ဆက်ဆံစဉ် ကြွက်သားများ ဆက်တိုက် ကျုံ့ကြွခြင်းဖြင့် အဖို ဂမိတ် ပါသော သုက်ရည်ကို လိင်ချောင်းမှ တစ်ဆင့် မိန်းမ အင်္ဂါ အထိ သယ်ဆောင်သည်။ ၎င်းသည် လိင်စိတ်ဆွခြင်းကြောင့် ဖြစ်ပေါ်သည်။ ရှားပါးသော အဖြစ်မှာ ပရောစတိတ် ရောဂါ ကြောင့်လည်း သုက်ပန်းခြင်း ဖြစ်တတ်သည်။ သုက်ပန်းခြင်းသည် အိပ်ပျော်စဉ် တွင် အပျော် အိပ်မက်များကြောင့် လည်း ဖြစ်တတ်သည်။