သီရိခေတ်
From Wikipedia, the free encyclopedia
သီရိခေတ် (အင်္ဂလိပ်: Sirikit; ထိုင်း: สิริกิติ์; ထိုင်းအသံထွက်: [sì.rì.kìt]; နားဆင် (ကူညီ·ချက်လက်)) သည် ထိုင်းနိုင်ငံ၏ ဘုရင့်မယ်တော် ဖြစ်သည်။ နတ်ရွာစံဘုရင်ကြီး ဘူမိဗလ်အဒုလျဒေက်ျ ၏ မိဖုရားဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဘုရင် ဝချိလာလောင်ကွန်း၏ မယ်တော် ဖြစ်သည်။ ဘုရင်ဘူမိဗလ် နှင့် ပဲရစ်မြို့တွင် တွေ့ခဲ့သည်။ ဘုရင်ဘူမိဗလ် ဘိသိက်မသွန်းမီ ၁၉၅၀ခုနှစ်တွင် ထိမ်းမြားခဲ့သည်။ သူသည် ဘူမိဘောဘုရင် သာသနာ့ဘောင်အတွင်း ခေတ္တဝင်ရောက်နေစဉ် ၁၉၅၆ခုနှစ်က ဘုရင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘုရင်ဘူမိဗလ် နှင့် မိဖုရားသီရိခေတ်တို့တွင် သားတစ်ယောက်နှင့် သမီးသုံးယောက်ရှိကြသည်။ ဘုရင်ဘူမိဗလ်မှာ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်သည့်အလျောက် မိဖုရားသီရိခေတ်မှာလည်း ကမ္ဘာ့နန်းသက်အရှည်ဆုံး မိဖုရားခေါင်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ခုနှစ် ဇူလိုင်လ၂၁ရက်နေ့တွင် လေဖြတ်ရောဂါခံစားရပြီး လူထုမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။
သီရိခေတ်
(သိရိကိတိံ) สิริกิติ์ | |
---|---|
ထိုင်းနိုင်ငံ၏ ဘုရင့်မယ်တော် | |
ထိုင်းနိုင်ငံ၏ မိဖုရား | |
နန်းသက် | ၂၈ ဧပြီ ၁၉၅၀ – ၁၃ အောက်တိုဘာ ၂၀၁၆ |
နန်းတက်ချိန် | ၅ မေ ၁၉၅၀ |
ထိုင်းနိုင်ငံ၏ ဘုရင့်မယ်တော် | |
နန်းသက် | ၂၄ အောက်တိုဘာ ၂၀၁၆ – လက်ရှိ |
မွေးဖွား | (1932-08-12) ၁၂ ဩဂုတ်၊ ၁၉၃၂ (အသက် ၉၁) ဘန်ကောက်မြို့၊ သယာအမ်တိုင်းပြည် |
အိမ်ထောင်ဖက် | ဘူမိဗလအတုလျတေဇ (Rama IX) (လက်ထပ် ၁၉၅၀; နတ်ရွာစံ ၂၀၁၆) |
သားသမီးများ | ဥပလ်ရတန ဝချိလာလောင်ကွန်း (ရာမ၁၀) သိရိန္ဓရ စုဠာဘရဏ |
စံအိမ် | မဟီဒေါ (လက်ထပ်ပြီးနောက်) ကီတိယကရ (မွေးဖွားစဉ်) (ချက္ကရီမင်းဆက်) |
ခမည်းတော် | နက္ခတြ မင်္ဂလ |
မယ်တော် | ဘွား ကီတိယကရ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
လက်မှတ် |