သဘာဝဓာတ်ငွေ့
From Wikipedia, the free encyclopedia
သဘာဝဓာတ်ငွေ့ ဆိုသည်မှာ အဓိကအားဖြင့် မက်သိန်း ပါဝင်သော ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။ ၎င်းကို အခြား ရှေးရုပ်ကြွင်းလောင်စာများ နှင့်အတူတွဲဖက်၍ ကျောက်မီးသွေးအလွှာများတွင် သလင်းကျောက်ပုံစံဖွဲ့စည်းပုံ ရှိသော မော်လီကျူးအမျိုးအစားများပါဝင်သည့် ဓာတုပစ္စည်း မက်သိန်း အဖြစ်တွေ့ရပြီး စိမ့်မြေများ ၊ ရွှံ့နွံမြေများ နှင့် အမှိုက်သရိုက်ဖြင့်ဖို့ထားသော ဖို့မြေများတွင် မဿနိုဂျီး(န်)(စ်) ဟူသော အလွန်သေးငယ်သည့် ဇီဝရုပ်သက်ရှိများ ကြောင့် မက်သိန်း ဓာတ်ငွေ့ကို ဖြစ်ပေါ်စေသည်။ ၎င်းသည် အရေးကြီးသော လောင်စာအရင်း အမြစ် ၊ ဓာတ်မြေဩဇာများ အတွက် အဓိကဖြည့်သွင်းပေးသည့်ကုန်ကြမ်းနှင့် ပြင်းထန်သောဖန်လုံအိမ်ဓာတ်ငွေ့ တစ်ခုဖြစ်သည်။
သဘာဝဓာတ်ငွေ့ကို လောင်စာအဖြစ်အသုံးမပြုနိုင်မီ၊ ၎င်းသည် မက်သိန်းမှလွဲ၍ အခြားပစ္စည်းများ အားလုံးနီးပါးကို ဖယ်ရှားပစ်ရန် ကျယ်ပြန့်သော နည်းစနစ်တစ်ရပ်ဖြင့် ပြုပြင်ခြင်းကို မဖြစ်မနေခံရမည်။ ထိုနည်းစနစ် တစ် ရပ်ဖြင့် ပြုပြင်ခြင်း၏ ဘေးထွက်ပစ္စည်းများတွင် အီသိန်း ၊ ပရိုပိန်း ၊ ဗျူတိန်း ၊ ပန်တိန်း နှင့် ပို၍မြင့်မားသော မော်လီကျူး အလေးချိန်ရှိသည့် ဟိုက်ဒြိုကားဘွန်၊ ဒြပ်စင်ဖြစ်သောဆာလဖာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေငွေ့နှင့် တစ်ခါတစ်ရံတွင် ဟီလီယန်နှင့် နိုက်ထရိုဂျင်တို့ ပါဝင်သည်။[1] သဘာဝဓာတ်ငွေ့ကို အရပ်သုံးအနေဖြင့် ရှင်းလင်းသောဓာတ်ငွေ့ဟူ၍ မကြာခဏ ရည်ညွှန်းလေ့ရှိပြီး အထူး သဖြင့် အခြားစွမ်းအင်အရင်းအမြစ်များဖြစ်သော ရေနံ သို့မဟုတ် ကျောက်မီးသွေးတို့နှင့် နှိုင်းယှဉ်ရာတွင် ဖြစ်သည်။