ဝေဟင်ဆီဖြည့်စနစ်
From Wikipedia, the free encyclopedia
ဝေဟင် ဆီဖြည့်စနစ် ဆိုသည်မှာ လေယာဉ် တစ်စီးမှ တစ်စီး လေထဲတွင်ပင် ဆီဖြည့်ပေးခြင်း ဖြစ်သည်။ ထိုသို့ လေထဲတွင်ပင် ဆီဖြည့်ခြင်းဖြင့် လေယာဉ်များ၏ လေထဲတွင် နေထိုင်နိုင်စွမ်း ပိုမိုလာပြီး ပျံသန်းချိန် ပိုမိုရရှိလာသည်။ ထိုသို့ လေထဲတွင် ဆီဖြည့်နိုင်ရန် ဆီဖြည့်ပေးသည့် လေယာဉ်နှင့်ဆီ လက်ခံသည့် လေယာဉ် နှစ်စီးစလုံးသည် တည်ငြိမ်စွာ အုပ်ဖွဲ့ပျံသန်းနိုင်ရန် လိုအပ်သည်။ ဝေဟင် ဆီဖြည့်ခြင်းကို ၁၉၂၀ ပြည့်နှစ်များကပင် စတင်ကြံဆခဲ့ကြပြီး ၁၉၂၃ ၊ ဇွန် (၂၇) တွင် ပထမဆုံး လေထဲတွင် ဆီဖြည့်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
- ပထမဆုံး ဝေဟင်ဆီဖြည့်ခြင်း