လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
From Wikipedia, the free encyclopedia
လျှပ်စစ်ထုတ်ဖော်ခြင်းသည် ရင်းမြစ်တစ်ခုမှလျှပ်စစ်ဓာတ်ကိုရယူသည့်အဆင့်ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်မှ ထုတ်ဖော်ခြင်း၊သယ်ယူခြင်း၊ဖြန့်ဖြူးခြင်း(Generation,Transmission and Distribution) တွင် ထုတ်ဖော်ခြင်းအပိုင်းဖြစ်သည်။ ပြည်သူများထံလျှပ်စစ်ဓာတ်အားပို့ဆောင်ခြင်း၏ ပထမဆုံးအဆင့်ဖြစ်သည်။
လျှပ်စစ်ဆိုသည်မှာ သဘာဝတွင် အလိုအလျောက်တည်ရှိသော ရင်းမြစ်မဟုတ်ဘဲဖော်ထုတ်ရသည်။ ထုတ်လုပ်ခြင်းကို လျှပ်စစ်ထုတ်လုပ်ရုံများ(power plants)များတွင်ထုတ်လုပ်သည်။ ထုတ်လုပ်ရုံအမျိုးမျိုးရှိသည်။ဥပမာ~ရေအားလျှပ်စစ်၊ လေစွမ်းအင် စသည်တို့ဖြစ်သည်။ များသောအားဖြင့် လျှပ်စစ်ကို လျှပ်စစ်ထုတ်လုပ်ရုံရှိ စက်ကြီး(electromechanical generators)များကို ရေအား၊ လေအား၊ နယူးကလီယားဖြင့်အပူပေးခြင်းတို့ဖြင့် လည်ပတ်စေကာ ရရှိသည်။