လျှပ်စစ်စွမ်းအား
From Wikipedia, the free encyclopedia
လျှပ်စစ်စွမ်းအားဆိုသည်မှာ အချိန်တစ်ခုအတွင်း လျှပ်စစ်ပတ်လမ်းတစ်ခုမှ လျှပ်စစ်စွမ်းအင်ပြောင်းလဲနှုန်းဖြစ်သည်။ စွမ်းအား၏SI ယူနစ်မှာ ဝပ်(ဂျိုးပါစက္ကန့်-joule per second)ဖြစ်သည်။
လျှပ်စစ်စွမ်းအားကို များသောအားဖြင့် လျှပ်ထုတ်စက်များမှထုတ်လုပ်သည်။ သို့သော်အခြားသောနည်းများဖြင့်လည်းထုတ်နိုင်သည်။ လျှပ်စစ်စွမ်းအားကို ကီလိုဝပ်နာရီ(kilowatt hour)(3.6 MJ)-လျှပ်စစ်စွမ်းအားကို ကီလိုဝပ်ယူနစ်နှင့် အချိန်၏မြှောက်လဒ်ဖြင့်ရောင်းချသည်။ လျှပ်စစ်စွမ်းအားကို လျှပ်စစ်မီတာများဖြင့်တိုင်းတာသည်။
လျှပ်စစ်စွမ်းအားမှာ စွမ်းအင်လျော့ပါးမှုကိုဖြစ်စေပြီး အခြားသော အရွေ့၊အလင်း၊အပူစွမ်းအင်များသို့ပြောင်းလဲနိုင်သည်။[1]