လောက (ဇီဝဗေဒ)
From Wikipedia, the free encyclopedia
ဇီဝဗေဒတွင် လောက (Kingdom) သည် ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်(Taxonomic Rank)၌ နယ်ပယ်(Domain) ပြီးလျှင် ဒုတိယမြောက် အမြင့်ဆုံးအဆင့်တွင်ရှိသည်။ လောက ၏ အောက်တွင် မျိုးပေါင်းစု(Phyla)ဟု ခေါ်သည့် အုပ်စုများ ထပ်မံခွဲခြားထားသည်။ အမေရိကန်ပြည်ထောင်စု၏ ပြဋ္ဌာန်းစာအုပ်များတွင် လောက (၆)မျိုး (တိရစ္ဆာန်၊ အပင်၊ မှို၊ ပရိုတစ်တာ၊ အာခီးရား နှင့် ဘက်တီးရီးယား)ဟူ၍ ခွဲခြားထားပြီး ဗြိတိန်၊ ဩစတြေးလျ၊ လက်တင်အမေရိက နှင့် အိန္ဒိယ စတဲ့နိုင်ငံတွေမှာတော့ လောက (၅)မျိုး(တိရစ္ဆာန်၊ အပင်၊ မှို၊ ပရိုတစ်တာ နှင့် မိုနီရာ) သတ်မှတ်ကြသည်။ ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်း(cladistics)ကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်'လောက' ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။