လေယာဉ်ပျံ
လူတို့တီထွင်ထားသောယာဉ်တစ်မျိုး / From Wikipedia, the free encyclopedia
လေထက်လေးသော်လည်း လေထဲတွင် ပျံသန်းနိုင်သော စက်တပ် ယာဉ်ဖြစ်သည်။ လေထဲသို့ ပျံတက်ရန်အတွက် အတောင်ပံ နှစ်ဘက် ပါရှိသည်။ တပ်ဆင်ထားရှိသော အင်ဂျင်အမျိုးအစားပေါ် မူတည်၍ ဂျက်လေယာဉ်၊ ပန်ကာတပ်လေယာဉ် ဟူ၍ ၂ မျိုးရှိသည်။ လေယာဉ်ပျံများသည် ၎င်းတို့ အဆင်း၊အတက်ပြုလုပ်နိုင်ရန်အတွက် သီးသန့်တည်ဆောက်ထားသော လေယာဉ်ကွင်း များတွင်သာ ရပ်နားလေ့ရှိကြသည်။