လေယာဉ်ကွင်း
From Wikipedia, the free encyclopedia
လေယာဉ်ကွင်း ဆိုသည်မှာ မြေပြင်မှ စွန့်ခွာရန် အသုံးပြုရသော ကွင်းပြင်ဖြစ်သည်။[1][2] ၁၉၀၃ ခုနှစ်တွင် ရိုက်ညီနောင်မှ လေယာဉ်ပျံကို တီထွင်ပြီးနောက် လေကြောင်းသယ်ယူပို့ဆောင်ရေးမှာ တိုးတက် ထွန်းကား လာခဲ့သည်။ လေယာဉ်ပျံများအား ၁၉၃ဝ တိုင်အောင် ခရီးသည်များအား သယ်ယူခွင့်မပေးခဲ့သော်လည်း နောက်ပိုင်းတွင်မှ ခရီးသည်များအား သယ်ဆောင်ခွင့်ရခဲ့သည်။ မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေး ထွန်းကားလာသောကြောင့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး အဖွဲ့ (I.C.A.O) ကဲ့သို့သော အဖွဲ့များပေါ်ပေါက်လာပြီး လေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် လေယာဉ်ကွင်းများအတွက် စံချိန်စံညွှန်းများ သတ်မှတ်ပေးခဲ့သည်။
ကမ္ဘာအနှံ့အပြားတွင် ရှိသော လေယာဉ်ကွင်းများအား မြို့ပြသုံး နှင့် စစ်ဘက်ဆိုင်ရာ သုံးဟူ၍ ခွဲခြားနိုင်သော်လည်း အချို့ လေယာဉ်ကွင်းများအား စစ်ဘက်နှင့် အရပ်ဘက်မှ အတူတကွ သုံးဆွဲကြသည်။ ကမ္ဘာပေါ်ရှိ လေယာဉ်ကွင်းအချို့မှာ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းများဖြစ်ပြီး (I.C.A.O) မှချမှတ်ထားသော စည်းများများဖြင့် တည်ဆောက်ကြခြင်းဖြစ်သည်။ လေယာဉ်ကွင်းများ၏ အကျယ်အဝန်း နှင့် ၎င်းတို့ပေးနိုင်သော လေကြောင်းဝန်ဆောင်မှုများကိုခွဲ၍ လေယာဉ်ကွင်းများအား အမျိုးအစားများခွဲခြားထားသည်။
လေယာဉ်ကွင်းများအား အဓိကတည်ဆောက်သူများမှာ မြို့ပြ အင်ဂျင်နီယာများဖြစ်ကြသည်။ မီးပေးရေး နှင့် စွမ်းအင်ထောက်ပံ့မှုအတွက် လျှပ်စစ်အင်ဂျင်နီယာ များနှင့် စက်မှုအင်ဂျင်နီယာများလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ပါဝင်ကြလေသည်။