ရှီးပဒီး
From Wikipedia, the free encyclopedia
ရှီးပဒီး (ဝါ) ဆောင်းပိုး၊ နွေမြက် (ပါဏဗေဒ: Ophiocordyceps sinensis, ယခင် Cordyceps sinensis) သည် "Ophiocordycipitaceae" မှိုမျိုးရင်းဝင် entomopathogenic မှိုတစ်မျိုးဖြစ်သည်။ ဘူတန် နှင့် နီပေါနိုင်ငံတို့ရှိ တိဗက်ကုန်းပြင်မြင့် နှင့် ဟိမဝန္တာဒေသများ၏ ၁၁,၅၀၀ ပေ (၃,၅၀၀ မီတာ) အထက်၌ တည်ရှိသော မြက်ခင်းပြင်များတွင် အဓိကအားဖြင့် တွေ့ရှိရသည်။ ၎င်းသည် Ghost moth ဟုခေါ်သော ပိုးဖလံများ၏ သားလောင်းများတွင် ကပ်ပါးအဖြစ် မှီခိုရှင်သန်ကြပြီး တရုတ်တိုင်းရင်းဆေးပညာတွင် ဆေးဖက်ဝင်အပင်များအဖြစ် တန်ဖိုးထားသုံးစွဲကြသည့် အသီးအနှံများကို ထုတ်လုပ်ပေးသည်။ ၎င်း ခူကောင်-မှိုတွင် အာဒန်းနိုဆင်း (အင်္ဂလိပ်: Adenosine) မှ ပြောင်းလဲဆင်းသက်လာသော "ကောဒီစပ်ပင်း ဒြပ်ပေါင်း (အင်္ဂလိပ်: Cordycepin)" ပါရှိသည်။[2] သို့ပါသော်လည်း သဘာဝအတိုင်း ရှာဖွေရရှိထားသော ရှီးပဒီးများတွင် များသောအားဖြင့် အာဆင်းနစ်နှင့် အခြားသော အာနိသင်ပြင်းထန်သည့် သတ္တုဓာတ်များ အများအပြားပါဝင်သောကြောင့် အဆိပ်သင့်စေနိုင်သဖြင့် တရုတ်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (အင်္ဂလိပ်: China Food and Drug Administration - CFDA) မှ ၂၀၁၆ ခုနှစ်မှစတင်၍ ၎င်းရှီးပဒီး ရောင်းချမှုအား တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလေသည်။[3]
Ophiocordyceps sinensis | |
---|---|
Ophiocordyceps sinensis (left) growing out of the head of a dead caterpillar | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Fungi |
Division: | Ascomycota |
မျိုးပေါင်း: | Sordariomycetes |
မျိုးစဉ်: | Hypocreales |
မျိုးရင်း: | Ophiocordycipitaceae |
မျိုးစု: | Ophiocordyceps |
မျိုးစိတ်: | O. sinensis |
ဒွိနာမ | |
Ophiocordyceps sinensis (Berk.) G.H.Sung, J.M.Sung, Hywel-Jones & Spatafora (2007) | |
Synonyms[1] | |
Sphaeria sinensis Berk. (1843) |
ရှီးပဒီး | |||||||
တရုတ်အမည် | |||||||
---|---|---|---|---|---|---|---|
ရိုးရာ တရုတ် | 冬蟲夏草 | ||||||
ရိုးရှင်းသော တရုတ် | 冬虫夏草 | ||||||
ဆိုလိုရင်း | ဆောင်းပိုး၊ နွေမြက် | ||||||
| |||||||
မြန်မာအမည် | |||||||
မြန်မာ | ရှီးပတီး | ||||||
တိဘက်အမည် | |||||||
Tibetan | དབྱར་རྩྭ་དགུན་འབུ་ | ||||||
| |||||||
nep name | |||||||
nep | यार्सागुम्बा |
ရှီးပဒီး (ဝါ) ဆောင်းပိုးနွေမြက်ကို အလွန်တရာ မြင့်မားလှသော ရေခဲတောင်များပေါ်ဝယ် တွေ့ရှိရသည်။ ကချင်ပြည်နယ်၏ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှသည့် အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းက ဇီဝဗေဒ၊ ရုက္ခဗေဒနှင့် သတ္တဗေဒအရ ဝေဖန်ပိုင်းခြားသော် ထူးဆန်းအံ့ဩဖွယ်ရာ တခု ဖြစ်လေသည်။ ပေပေါင်းများစွာ မြင့်မားသည့် ရေခဲတောင်များ ရှိရာ ဒေသဖြစ်သော ဟိမဝန္တာတောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နှင့် မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းများမှာ တွေ့ရှိနိုင်၏။ ရောဂါဘယ ပျောက်ကင်းရန် တရုတ် တိုင်းရင်းဆေးဝါး၌ ထည့်သွင်းဖော်စပ်ကြပြီး တရုတ်လို 冬虫夏草 (ဆောင်းပိုးနွေမြက်)ဟု ခေါ်ဝေါ်ကာ၊ ဈေးလည်း အလွန်ကြီးလှ၏။