ရှီစီ
From Wikipedia, the free encyclopedia
တရုတ်နိုင်ငံသမိုင်းတွင် ဩဇာအာဏာအကြီးမားဆုံး အမျိုးသမီးတစ်ဦးမှာ ရှီစီ ဖြစ်သည်။ သူသည် ၁၈၀၀ စုနှစ်များ နှောင်းပိုင်းကာလတွင် တရုတ်နိုင်ငံကို နှစ်ပေါင်း ၄၀-ကျော် အုပ်ချုပ်ခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ရှီစီသည် ပေကျင်းမြို့တော် အတွင်းရှိ တားမြစ်မြို့တော်ဟု ခေါ်ကြသည့် နန်းဆောင်များအစုများတွင် နေထိုင်ခဲ့သည်။ သူ့ထံလာရောက်သူအားလုံးကို ပိုးသားကန့်လန့်ကာ နောက်ကွယ်ရှိ နဂါးပုံသဏ္ဌာန် အနီရောင်ပလ္လင်ပေါ်တွင် ထိုင်ကာ စကားပြောဆိုလေ့ရှိသည်။ သူပေးသောအမိန့်များ အားလုံးသည် ကြားလော့၊ နာခံလော့ ဟူသည့် သတိပေးစကားဖြင့် အဆုံးသတ်လေ့ရှိပါသည်။
Empress Dowager Cixi | |||||||||
---|---|---|---|---|---|---|---|---|---|
Oil painting by Hubert Vos (1905)[1] | |||||||||
Empress dowager of Qing | |||||||||
Tenure | 22 August 1861 – 15 November 1908 | ||||||||
ရှေ့မင်းဆက် | Empress Xiaojingcheng | ||||||||
နောက်မင်းဆက် | Empress Xiaodingjing | ||||||||
မွေးဖွား | Yehe Nara Xingzhen (葉赫那拉 杏貞) (1835-11-29)၂၉ နိုဝင်ဘာ၊ ၁၈၃၅ (道光十五年 十月 十日) Beijing, Qing Empire | ||||||||
ကွယ်လွန် | ၁၅ နိုဝင်ဘာ၊ ၁၉၀၈(1908-11-15) (အသက် ၇၂) (光緒三十四年 十月 二十二日) Yiluan Hall, Zhongnanhai, Qing Empire | ||||||||
ထာဝရ အိပ်စက်ရာ နေရာ | Ding Mausoleum, Eastern Qing tombs | ||||||||
အိမ်ထောင်ဖက် | Xianfeng Emperor (လက်ထပ် 1852; d 1861) | ||||||||
သားသမီးများ | Tongzhi Emperor | ||||||||
| |||||||||
စံအိမ် | Yehe Nara (葉赫那拉; by birth) Aisin Gioro (愛新覺羅; by marriage) | ||||||||
ကိုးကွယ်မှု | Buddhism[2] |
ရှီစီ | |||||||||||
"Empress Dowager Cixi" in Chinese characters | |||||||||||
တရုတ် | 慈禧太后 | ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
|
ရှီစီသည် အင်ပါယာသခင်မတစ်ပါး မဟုတ်ခဲ့ပါ။ သို့သော် ဧကရာဇ်ဘုရင်၏ တစ်ဦးတည်းသော သားတော်၏ မိခင်ဖြစ်သည်။ ဧကရာဇ်ဘုရင် ကွယ်လွန်လေသော် ရာဇနန်းပလ္လင်ကို ဆက်ခံပြီး တရုတ်နိုင်ငံကို အုပ်ချုပ်သည့် အသက်(၆)နှစ်အရွယ် သားတော်ဘုရင်၏ အုပ်ချုပ်မှုတွင် ကူညီဆောင်ရွက်ခဲ့သည်။ ရှီစီသည် သားတော်မင်းကြီး အရွယ်ရောက်လာ၍ တိုင်းပြည်ကို အုပ်ချုပ်ချိန်တွင်ပင် အာဏာရှိနေဆဲ ဖြစ်သည်။ ထို့နောက် မင်းကြီးကွယ်လွန်သောအခါ ရှီစီ(နဂါးဧကရီ)သည် အသက်(၃)နှစ်အရွယ် တူတော်ကို ဧကရာဇ်ဘုရင်သစ်အဖြစ် တင်မြှောက်ပေးခဲ့ပြန်သည်။ ရှီစီက တူတော်ဘုရင် နိုင်ငံကို အုပ်ချုပ်ရာတွင်လည်း ဆက်လက်အကူအညီပေး အုပ်ချုပ်ခဲ့ပါသည်။
ရှီစီ၏ လက်ထက်တွင် တရုတ်နိုင်ငံအစိုးရသည် အဂတိလိုက်စားမှုများ များပြားခဲ့သည်။ သို့သော် ထိုကာလတစ်ခုလုံးကို သူတစ်ဦးတည်း အုပ်ချုပ်ခဲ့ခြင်း မဟုတ်ပေ။ အဂတိလိုက်စားသော အမတ်များက ရှီစီဆုံးဖြတ်ချက်များ ချရာတွင် ကူညီခဲ့ကြသည်။ တူတော်အရွယ်ရောက်လာသောအခါ တရုတ်နိုင်ငံတိုးတက်အောင် အပြောင်းအလဲတချို့ကို ပြုလုပ်ခဲ့သေးသည်။ သို့သော် မှူးမတ်များက ထိုပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်ခဲ့ကြသည်။
ရှီစီသည် ၁၉၀၀-ပြည့်နှစ်တွင် နိုင်ငံခြားမှတပ်များ ပေကျင်းကို သိမ်းပိုက်ပြီးနောက်တွင်မှ တိုင်းပြည်၏ အခြေအနေများကို ပိုမိုကောင်းမွန်အောင် ပြုပြင်လာခဲ့သည်။
၁၉၀၈-ခုနှစ်၊ နဂါးဧကရီ ရှီစီကွယ်လွန်ခါနီး အချိန်မှာပင် တူတော် ဧကရာဇ်မင်းကြီး ကွယ်လွန်ခဲ့သည်။ တချို့ကတော့ နဂါးဧကရီသည် ရက်စက်ကြမ်းကြုတ်သည်၊ သူမရှိဘဲ တူတော်မင်းကြီး နိုင်ငံကို မအုပ်ချုပ်နိုင်စေရန် တူတော်ကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် သက်သေပြနိုင်သည်တော့ မဟုတ်ပါ။ [3]