ရှီကျင့်ဖျင်
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး / From Wikipedia, the free encyclopedia
ရှီကျင့်ဖျင် (習近平) သည် ၁၉၅၃ ခုနှစ်တွင် ဆန်ရှီးပြည်နယ်(陝西)၊ ဖူဖျင်မြို့ (富平)၌ မွေးဖွားခဲ့ပြီး ဟန်တရုတ်လူမျိုး ဖြစ်သည်။[1] ၁၉၇၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သည်။[2] မာက်စ်သီအိုရီနှင့် အတွေးအခေါ်ယူဝါဒဆိုင်ရာ ပညာရပ် အထူးပြုဘာသာဖြင့် ချင်းဟွာတက္ကသိုလ်(清華大學) ၊ လူ့အဖွဲ့အစည်းနှင့် လူမှုသိပ္ပံကျောင်းမှ ဥပဒေ ဒေါက်တာဘွဲ့ ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆန်ရှီးပြည်နယ် ရန်ချွမ်းဒေသရှိ ဝမ်အမ်းရိစုပေါင်း လယ်ယာ၊ လျန့်ကျားဟဲအဖွဲ့၌ ပါတီခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၁၈ ဒီဇင်ဘာ ၂၀၁၈) |
ရှီကျင့်ဖျင် | |
---|---|
习近平 | |
ရှီကျင်ဖီး ၂၀၂၄ ခုနှစ် | |
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၅ နိုဝင်ဘာ ၂၀၁၂ | |
ယခင်လူ | ဟူးဂျင်ထော |
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၄ မတ် ၂၀၁၃ | |
ဝန်ကြီးချုပ် | လီခဲ့ချန် လီချန် |
ယခင်လူ | ဟူးဂျင်ထော |
ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၅ နိုဝင်ဘာ ၂၀၁၃ (Party Commission) ၁၄ မတ် ၂၀၁၃ (State Commission) | |
လက်ထောက် | ဖန်းခေါင်လုံ ချောကီးလွင် |
ယခင်လူ | ဟူးဂျင်ထော |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1953-06-15) ၁၅ ဇွန်၊ ၁၉၅၃ (အသက် ၇၀) ဘေဂျင်းမြို့, တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
နိုင်ငံရေးပါတီ | တရုတ်ကွန်မြူနစ်ပါတီ (၁၉၇၄-လက်ရှိ) |
ကြင်ဖော်(များ) | ခေလင်းလင်း (အိမ်ထောင်ကွဲ) ဖေင်လီယွမ် (၁၉၈၇ ခုနှစ်တွင် အိမ်ထောင်ကွဲ) |
သွေးသားတော်စပ်သူ | စစ်ကြီးနှင့်အိုင်ဇုတ်မြင့် ချစ်ဇန် |
သားသမီး | သီယန်းမင်းများ (ယောက်တာမြင့်) |
နေထိုင်ရာ | ကွာနန္ဒန်းရေး |
မိခင်ကျောင်း | ကြင်ဟာဒူးကျောင်း |
လက်မှတ် | |
ဗဟိုအဖွဲ့အစည်းအဖွဲ့ဝင်မှု
အဓိက ဦးဆောင်အဖွဲ့မှ တာဝန်များ
ယခင်တွင် ထမ်းဆောင်ခဲ့သော အခြား ရာထူးများ
|
၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဆင်ဟွာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနတွင် အခြေခံဇီဝဓာတ်ဖွဲ့စည်းမှု ဖြစ်စဉ်ဆိုင်ရာ ဘာသာရပ် ကျောင်းသားအဖြစ် လေ့လာခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင် ဌာနချုပ်များတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဟယ်ပေပြည်နယ် (河北省) ကျန့်တိန့်မြို့နယ် (正定) ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့်ပြည်နယ် (福建) ရှမန်မြို့ (廈門 အမွိုင်မြို့) ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ် နင်းသယ် (寧德) ခရိုင် ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။