ရွေးကောက်ပွဲ
From Wikipedia, the free encyclopedia
ရွေးကောက်ပွဲတစ်ခုသည် တိကျထင်ရှားသော ဆုံးဖြတ်ချက်-ချမှတ် သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ ထိုမှတစ်ဆင့် လူအများသည် တစ်ဦးတစ်ယောက်အား အများပိုင် ရုံးအလုပ်ကိုကိုင်တွယ်ရန် ရွေးချယ် ခြင်းဖြစ်သည်။ ရွေးကောက်ပွဲများသည် ပုံမှန်လည်ပတ်နေခြင်းရှိပြီး၊ ထိုအထဲတွင် ခေတ်သစ် ကိုယ်စား ပြုဒီမိုကရေစီသည် ၁၇ ရာစုကထဲမှ စတင်ခဲ့သည်။ ရွေးကောက်ပွဲများသည် ဥပဒေပြုအဖွဲ့ အတွင်းသို့ ရုံးအလုပ်များ၊ တစ်ခါတစ်ရံ အမှုဆောင်နှင့် တရားသူကြီးအဖွဲ့အတွင်းသို့၊ နှင့် ဒေသဆိုင်ရာနှင့် ဒေသအစိပ် အပိုင်းဆိုင်ရာ အုပ်ချုပ်ရေးအစိုးရများ တို့အတွက် နေရာဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို များစွာသော အခြား ပုဂ္ဂလိက နှင့် စီးပွားရေးအဖွဲ့အစည်းများ၊ ကလပ်အသင်းများမှအစ စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များနှင့် ကော်ပိုရေးရှင်းများ ပါမကျန် အသုံးပြုကြသည်။
ခေတ်သစ်ဒီမိုကရေ စီများတွင် ကိုယ်စားလှယ်များရွေးချယ်ခြင်းအတွက် သုံးစွဲသည့် ပစ္စည်း တစ်မျိုး အဖြစ် ကမ္ဘာနှင့်အဝှန်းအသုံးပြုနေသည့် ဒီမိုကရေစီများသည် ရှေးခေတ်အေသင် ရှိ ဒီမိုကရက်တစ် မူလပုံစံတွင် ကျင့်သုံးမှုနှင့် ခြားနားကြောင်း နှိုင်းယှဉ်နိုင်သည်။ ရွေးကောက်ပွဲများသည် လူနည်းစုအုပ်ချုပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို သုံးသပ် နိုင်ပြီး၊ အများဆုံးသောနိုင်ငံရေး အလုပ် များကို ဝေစုအဖြစ်သိရှိထားသည့် ရွေးချယ်ခြင်းဖြင့် အသုံးပြုဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ထိုမှ တစ်ဆင့် ရုံးတာဝန်ယူမည့်သူများက မဲဖြင့်ရွေးချယ်သည်။
ရွေးကောက်ပွဲပြန်လည်ပြင်ဆင်ခြင်းသည် ယခင်မထဲ့ရသေးသည့် မျှတသောရွေးကောက်ပွဲစံနစ်များ ထဲ့သွင်းခြင်းလုပ်ငန်းစဉ်ဟု ဖော်ပြသည် သို့မဟုတ် တည်ရှိပြီးစံနစ်များ၏ မျှတမှု သို့မဟုတ် ထိရောက်မှုကို တိုးတက်ကောင်းမွန်စေရန်ဖြစ်သည်။ မဲပေးခြင်းကို စာရင်းဇယားအရ လေ့လာခြင်းပညာသည် ရွေးကောက်ပွဲများနှင့် ဆက်စပ်နေသည့် ရလဒ်များနှင့် အခြားသောစာရင်းအင်းများကို လေ့လာသည့်ပညာ ဖြစ်သည် (အထူးသဖြင့် ရှေ့လာမည့်ရလဒ်များကို ကြိုတင်ဟောကိန်းထုတ်မည့် ကြည့် ရှုစစ်ဆေးမှုတစ်ခုနှင့်တူ သည်)။ ရွေးကောက်ရန် သည် “ရွေးချယ်ရန် သို့မဟုတ် ဆုံးဖြတ်ချက်ချရန်” ဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ တွင် အခြားသော မဲပေးပွဲပုံစံများဖြစ်သည့် ဆန္ဒခံယူပွဲ ကို အထူးသဖြင့် အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲများအဖြစ်သို့ ရည်ညွှန်းထားသည်။[1]