ရေနံ
From Wikipedia, the free encyclopedia
ရေနံ (သို့) ရေနံဆီ (ခေါ်) ရေနံစိမ်း (အင်္ဂလိပ်: petroleum or crude oil) ဆိုသည်မှာ ဝါကျင့်ကျင့် မည်းနှောက်နှောက်အရောင် အရည်အဖြစ် သဘာဝအလျောက် ဖြစ်ပေါ်တတ်သော ဟိုက်ဒြိုကာဗွန်တို့ အဓိကပါရှိလျက် ဒြပ်ပေါင်းအရောအနှော ဖြစ်သည်။ [1] ဓာတ်ဆီ၊ ဒီဇယ်ဆီ စသည့် အသုံးများသော လောင်စာများစွာနှင့် အခြား အသုံးများကုန်ကြမ်း များစွာကို ဤတွင်းထွက် ရေနံတို့မှ ထုတ်လုပ်ယူနေကြသည်။
သို့ဖြင့် ရေနံလုပ်ငန်းသည်လည်း ကမ္ဘာအရပ်ရပ်တွင် အရေးပါသော စီးပွားရေး မဏ္ဍိုင်တစ်ခု ဖြစ်နေသည်။ မြန်မာစကား၌ ရေနံကို မြေဆီမှ ရွှေရည်ဟု တင်စားခေါ်ဝေါ်ကြသည်လည်း ရှိသည်။