ရန်အိမ်တော်မှ စစ်သူကြီးများ
သမိုင်းဝင် တရုတ်ဇာတ်လမ်းပုံပြင်များ စုစည်းမှု / From Wikipedia, the free encyclopedia
ရန်အိမ်တော်မှ စစ်သူကြီးများသည် ရှေးတရုတ်လက်နက်နိုင်ငံ စုန့်မင်းဆက်ခေတ်ဦး (၉၆၀-၁၂၇၉)မှ စစ်သည်ကျော်မိသားစုတစ်ခု၏အကြောင်း တရုတ် ရိုးရာပုံပြင်များ ၊ ပြဇာတ်များနှင့် ဝတ္ထုများ စုစည်းမှုဖြစ်သည်။ သူတို့နိုင်ငံတော်ကို နိုင်ငံခြားသားစစ်ဘီလူးများဖြစ်သည့် ချိတန်းလူမျိုး အုပ်စိုးသော လျောင်မင်းဆက်(၉၀၇-၁၁၂၅) နှင့် တန်ဂုလူမျိုး အုပ်စိုးသော အနောက်ပိုင်းရှမင်းဆက် (၁၀၃၈-၁၂၂၇) တို့ လက်မှ ကာကွယ်ရန် သူတို့ကိုယ်သူတို့ စတေးခဲ့ကြသော ရန်အိမ်တော်သားများ၏ မတုန်မလှုပ် သစ္စာစောင့်သိမှု နှင့် သတ္တိထွန်းပြောင်ခဲ့ပုံဇာတ်လမ်းများကို ပြန်ပြောင်းပြောပြခြင်းဖြစ်ပါသည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ရန်အိမ်တော်မှ စစ်သူကြီးများ | |||||||||||||||
Yang Ye committing suicide by ramming his head against a stele dedicated for Li Ling. From one 1823 print of the novel Complete Legends of Northern Song's Golden Spears (北宋金鎗全傳).[note 1] | |||||||||||||||
ရိုးရာ တရုတ် | 楊家將 | ||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 杨家将 | ||||||||||||||
ဆိုလိုရင်း | Yang-Family Generals | ||||||||||||||
|
သက္ကရာဇ် ၉၅၀ မှ ၁၀၅၀ ခုနှစ်အထိ ရာစုနှစ်အတွင်း [1] စိတ်ကူးယဉ်ဇာတ်လမ်းအများစုသည် သမိုင်းဝင်ဇာတ်ကောင်များဖြစ်သော ရန်ယဲ့ (၉၈၆ ခုနှစ်တွင် ကွယ်လွန်)၊ ရန်ယဲ့၏သား ရန်ယန်ကျောင်း (၉၅၈-၁၀၁၄ ခုနှစ်ခန့်) နှင့် ရန်ယန်ကျောင်း၏သား ရန်ဝမ့်ကွမ်း (၁၀၇၄ ခုနှစ်တွင် ကွယ်လွန်) တို့၏ဘဝဇာတ်လမ်းတို့အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ရာဇဝင်တွင် ရန်ယန်ကျောင်းသည် “ဆဌမမြောက်သား”ဟု နာမည်တွင်ခဲ့သောကြောင့် ဇာတ်လမ်းများတွင် ၎င်းအား ရန်ယဲ့၏ ဆဌမမြောက်သားဖြစ်လာစေခဲ့သည်။ ရန်ဝမ့်ကွမ်းသည်လည်း သူ့ဖခင်ထက် မျိုးဆက် (၂) ဆက်စာခန့်ငယ်သောကြောင့် ဇာတ်လမ်းများတွင် ရန်ယန်ကျောင်း၏မြေးအဖြစ် ပြောင်းလဲစေခဲ့သည်။