မွတ်စလင်မ်
အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်သူ / From Wikipedia, the free encyclopedia
ကမ္ဘာ၏ ၅ပုံ ၂ပုံမျှသော သူများသည် အစ္စလာမ် သာသနာဝင် မွတ်စလင်(မ်) များဖြစ်ကြပြီး လူမျိုးအသီးသီး နိုင်ငံအသီးသီး နှင့် ကမ္ဘာအရပ်ရပ်ရှိ ယဉ်ကျေးမှုအဖုံဖုံတို့မှလူများပါဝင်ကြသည်။ ဖိလစ်ပိုင်တောင်ဘက်ပိုင်းမှသည် နိုင်ဂျီးရီးယား ထိတိုင်အောင်ပင်ရှိ၏။ ထိုသူတို့အားလုံးသည် တူညီသော အစ္စလာမ်သာသနာအားဖြင့် တူညီသော ယုံကြည်ချက် ခံယူချက်များ ရှိကြ၏။ အာရပ်တိုင်းပြည်များတွင် ၁၈% သော မွတ်စလင်(မ်) များရှိပြီး အင်ဒိုနီးရှားသည် ကမ္ဘာတွင် မွတ်စလင်(မ်) အများဆုံးသော နိုင်ငံဖြစ်သည်။ အာရှ နှင့် အာဖရိက တွင် မွတ်စလင်(မ်) အတော်များများနေထိုင်ကြသည်။ ရုရှား၊ တရုတ်၊ အမေရိကန် တောင်နှင့် မြောက်ပိုင်း၊ ဥရောပတို့တွင် မွတ်စလင်(မ်) လူနည်းစုနေထိုင်ကြသည်။
အစ္စလမ်ဘာသာတွင် ဆွန္နီမွတ်စလင်(မ်)(Sunni) နှင့် ရှီအာမွတ်စလင်(မ်)(Shia ) ဟူ၍ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲခဲ့ကြသည်။ သို့သော် မတူညီသည့် အချက်မှာတမန်တော်မြတ် (ဆွ) အလ္လာဟ်အသျှင်မြတ်အမိန့် ခံယူပြီး ခြင်းပင် အစပြုခဲ့သည်။