မြောက်ဦးဘုရင့်နိုင်ငံတော်
မြောက်ဦးမြို့၌ ဗဟိုပြုသော အလယ်ခေတ် ရခိုင်နိုင်ငံတော် / From Wikipedia, the free encyclopedia
မြောက်ဦးဘုရင့်နိုင်ငံတော်သည် ရခိုင်သမိုင်းတွင် ၁၄၃၀ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ တည်ရှိခဲ့သော ဘုရင့်နိုင်ငံတော်ဖြစ်သည်။ မြောက်ဦးနေပြည်တော်သည် ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး မျက်မှောက်ခေတ် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ် ချင်းပြည်နယ် တောင်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအနောက်ဘက်ကမ်းရိုးတန်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဒေသ စစ်တကောင်းတိုင်းတို့ပါဝင်သည့် ကျယ်ပြန့်သည့် နယ်မြေနယ်နိမိတ်ကို ပိုင်စိုးအုပ်ချုပ်နိုင်ခဲ့သည်။ မြောက်ဦးကို ၁၄၃၀ခုနှစ်တွင် နရမိတ်လှ(ခေါ်) လောင်းကြက်ဘုရင် မင်းစောမွန် နှင့် ညီဖြစ်သူ နရနု (ခေါ်) မင်းခရီတို့က စတင်တည်ထောင်ခဲ့သည်။မြောက်ဦးသည် အစောပိုင်းတွင် စစ်ရေးအကူအညီပေးခဲ့သောဘင်္ဂလားစူလတန်နိတ်နိုင်ငံ၏ အစောင့်ရှောက်ခံနိုင်ငံအဖြစ် ၁၄၂၉ မှ ၁၄၃၇ အထိ နေခဲ့ရဟန်တူသော်လည်း မင်းခရီလက်ထက်သို့ရောက်သည့်အခါ သြဇာခံအနေထားကိုဆန့်ကျင်ပြီး ၁၄၃၇တွင် ပန်းဝါ(ရာမူး) နှင့် ဘစောဖြူလက်ထက် ၁၄၅၉ ခုနှစ်တွင် စစ်တကောင်းကို သိမ်းပိုက်ပြီး စတင်နယ်မြေချဲ့ထွင်နိုင်ခဲ့သည်။ တောင်ငူသည် ၁၅၄၆-၁၅၄၇၊ ၁၅၄၆-၁၅၄၇ နှင့် ၁၅၈၀-၁၅၈၁ တို့တွင် မြောက်ဦးကို သိမ်းပိုက်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မြောက်ဦးသည် အောင်မြင်စွာခုခံနိုင်ခဲ့သည်။ မြောက်ဦးသည် ၎င်း၏အင်အားအတောင့်တင်းဆုံးအချိန်တွင် ဘင်္ဂလားပင်လယ်အော် Sundarbansဒေသမှ မှ မုတ္တမပင်လယ်ကွေ့အထိ ၁၅၉၉ ခုနှစ်မှ ၁၆၀၃ ခုနှစ်အထိ ထိန်းချုပ်န်ုင်ခဲ့သည်။ ၁၆၆၆ တွင် မဂိုလ်အင်ပါယာနှင့် စစ်ပွဲအပြီးတွင် စစ်တကောင်းကို ဆုံးရှုံးခဲ့သည်။ ၁၇၈၅ခုနှစ်သို့ရောက်သည့်အခါ အရှေ့ဘက်ကုန်းဘောင်မင်းဆက်ဘုရင့်နိုင်ငံက ကျူးကျော်သိမ်းပိုက်လိုက်မှုကြောင့် မြောက်ဦးဘုရင့်နိုင်ငံသည် အဆုံးသတ်ခဲ့ရသည်။ [1]
မြောက်ဦးဘုရင့်နိုင်ငံတော် | |
---|---|
အစောပိုင်း ဒတ်ခ်ျမြေပုံ
(ယခုခေတ် ရခိုင်ပြည်နယ်နှင့် စစ်တကောင်းတိုင်း | |
မြို့တော် | လောင်းကြက်မြို့ (၁၄၂၉-၁၄၃၀) မြောက်ဦးမြို့ (၁၄၃၀-၁၇၈၅) |
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ | ရခိုင်ဘာသာစကား |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာ(လေးသည်တော်တပ်,ကုလား) ခရစ်ယာန်ဘာသာ နတ်ကိုးကွယ်ယုံကြည်မှု |
အစိုးရ | ပဒေသရာဇ်စနစ် |
• ဘုရင် | မင်းစောမွန် (၁၄၂၉-၁၄၃၃) |
• | မင်းခရီ (၁၄၃၃-၁၄၅၉) |
• | မင်းဘင် (၁၄၉၃-၁၅၅၄) |
• | မင်းရာဇာကြီး (၁၅၉၃-၁၆၁၂) |
• | မဟာသမ္မတ (၁၇၈၂-၁၇၈၅) |
တည်ထောင် | ၁၄၃၀ |