မြေခွေး
From Wikipedia, the free encyclopedia
လူတယောက်အား မြေခွေးနှင့် တူသည်ဟု ပြောလျှင် ထိုသူမှာ သူတပါးအပေါ်တွင် ပါးနပ်၍ ကောက် ကျစ်စဉ်းလဲသည်ဟု ဆိုလိုကြောင်း လူတိုင်း သိရှိကြသည်။ မြေခွေးသည် တောခွေးတမျိုးပင်ဖြစ်၏။ ကန်နီဒီးမျိုးရင်း တွင်ပါဝင်၍ ယင်း၏ ပါဏဗေဒအမည်မှာ "ဗာလပီး ဗာလပီး"(Vulpes vulpes) ဖြစ်၏။ မြေခွေးသည် ကိုယ်အလျားရှည်သော်လည်း တိုသောခြေထောက်များရှိသည်။ တောတိရစ္ဆာန်များတွင် လိမ္မာပါးနပ်ခြင်း၊ ကောက်ကျစ်ခြင်း၌ စာဖွဲ့လောက်ကြောင်း ရှေးအစဉ်အလာကပင် ယုံကြည်ခဲ့ကြသည်။ ချွန်သောနှုတ်သီး၊ ထောင်သောနားရွက်၊ ဖွာသောအမြီးနှင့် မျက်လုံးမှာ ကြောင်မျက်စိကဲ့သို့ အလင်းရောင်ကို လိုက်၍ ပြောင်းလဲတတ်သော သူငယ်အိမ်ရှိသည်။ မြေခွေးသည် အလွန်ပါးနပ်လိမ်မာသဖြင့် အမဲလိုက်ခွေးအုပ်ကြီးနှင့် လူများကိုပင် လွတ်အောင်ရှောင်ကွင်း၍ပုန်းနေနိုင်သည်။ ညဉ့်အခါတောရွာများသို့ ဝင်၍ လယ်သမားများ၏ ကြက်၊ ငှက်များကို ခိုးယူစားသောက်တတ်သော်လည်း မြေခွေးကို ဖမ်းမိရန်ကား မလွယ်ကူချေ။ နေ့အချိန်တွင် သစ်ခေါင်းများ၊ မြေတွင်းများအတွင်း၌ ပုန်းအောင်းနေလျက် ညချမ်းအချိန်များ၌သာ အစာရှာလေ့ရှိကြသည်။ အပြည်ပြည်ရှိမြေခွေးများမှာ အမျိုးအရောင်မတူဘဲ ရာသီဥတုကိုလိုက်၍ ကွဲပြားကြသည်။ တောင်အမေရိကနှင့် ဩစတြေးလျတိုက်များတွင်ကား မြေခွေးကို မတွေ့ရချေ။ ကမ္ဘာ့မြောက်ပိုင်းရေခဲပြင်များရှိ မြေခွေးများမှာ ဆောင်းရာသီတွင် ဆွတ်ဆွတ်ဖြူသော အမွှေးများရှိလာသဖြင့် ကမ္ဘာအရပ်ရပ်မှ မုဆိုးများသည် သားမွှေးအတွက် အထူးလိုက်လံဖမ်းဆီးကြသည်။ ငွေရောင်တောက်သော မြေခွေးဖြူ၏ အရေကို လူကုံထံများက အဖိုးများစွာပေးဝယ်၍ ဝတ်ဆင်ကြသည်။ ယခုအခါ လုပ်ငန်းတရပ်အဖြစ် ထိုငွေရောင် မြေခွေးများကို ခြံကြီးများခတ်ကာ မွေးမြူကြသည်။ မြေခွေးသည် အသားစား သတ္တဝါသက်သက်ဖြစ်၍ အခြားတိရစ္ဆာန်ငယ်ကလေးများနှင့် ငှက်များကို စားသောက်နေထိုင်သည်။
မြေခွေး | |
---|---|
မြေခွေးနီတစ်ကောင်ပုံ | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
မျိုးရင်း: | Canidae |
မျိုးရင်းသေး: | Caninae |
အုပ်စုများ ပါဝင်သည် | |
| |
Cladistically included but traditionally excluded taxa | |
All other species in Canini |