မြန်မာနိုင်ငံရှိ အမြင့်ဆုံးအဆောက်အဦများစာရင်း
From Wikipedia, the free encyclopedia
အောက်ပါစာရင်းသည် မြန်မာနိုင်ငံရှိ အမြင့်ဆုံးအဆောက်အဦများစာရင်း ဖြစ်သည်။ ဤဆောင်းပါးတွင် အပိုင်းနှစ်ခု ပါဝင်သည်။ ပထမစာရင်းတစ်ခုမှာ ၉၀ မီတာ (၂၉၅ ပေ) ထက် မြင့်သည့် အဆောက်အဦများနှင့် အခြားစာရင်းတွင် ၆၀ မီတာ (၁၉၇ ပေ) အထက် စာရင်း ဖြစ်သည်။ စာရင်းသည် လွတ်လပ်သည့်အချက်အလက်များမှ ရယူထားခြင်းဖြစ်ပြီး မပြည့်စုံမှုများ ရှိနေနိုင်သည်။
မြန်မာနိုင်ငံ၏ အမြင့်ဆုံးအဆောက်အဦများတွင် စေတီများနှင့် ဘုရားများ ပါဝင်သည်။ မီတာ ၁၀၀ (၃၂၈ ပေ) အမြင့်ရှိသည့် ဘုရားများကို ၁၁ ရာစုခေတ်ကတည်းက ပုဂံတွင် တည်ဆောက်ခဲ့သည့် လက်ရာဖြစ်သည့် ရွှေဆံတော်ဘုရားတွင် မြင်တွေ့နိုင်သည်။ ၁၃၄ မီတာ (၄၄၀ ပေ) ရှိသည့် ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေလှောင်တမံသည် လက်ရှိအချိန်တွင် နိုင်ငံ၌ အမြင့်ဆုံး အဆောက်အဦအဖြစ် တည်ရှိနေသည်။