မျိုးပေါင်းစု
From Wikipedia, the free encyclopedia
ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် မျိုးပေါင်းစု (Phylum) သည် လောက (Kingdom) အဆင့်အောက်ဖြစ်ပြီး၊ မျိုးပေါင်း (Class) အဆင့်၏ အပေါ် တွင်ရှိသော အဆင့်တစ်ခု ဖြစ်သည်။ အင်္ဂလိပ်ဘာသာအားဖြင့် ဖိုင်လဲမ် (အင်္ဂလိပ်: Phylum /ˈfaɪləm/; အများကိန်း၊ phyla)ဟု ခေါ်သည်။ အစဉ်အလာအရ ရုက္ခဗေဒဆိုင်ရာ အသုံးအနှုန်းတွင် ဒဗစ်ရှင်း သို့မဟုတ် မျိုးခွဲ (Division) ဟူသော ဝေါဟာရကို ဖိုင်လဲမ် (Phylum) အစားသုံးလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှိုနှင့်အပင်များ အမည်ပေးခြင်း စည်းမျဉ်းတွင်မူ ၎င်းအသုံးအနှုန်းနှစ်ခုကို တူညီသည်ဟု လက်ခံထားသည်။[1][2][3]