မုခ်ဝ:မြန်မာနိုင်ငံ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
- Image 1
နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ၌ တည်ရှိသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။
မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး၊ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယ လူဦးရေအများဆုံးမြို့ ဖြစ်သည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။ (Full article...) - Image 2
အေဒီ [၁၂၇၇-၁၂၈၇] ကာလအတွင်း တရုတ်နိုင်ငံ ယွမ်မင်းဆက်ထူထောင်ခဲ့သည့် မွန်ဂိုဧကရာဇ်ဘုရင် ကုဗလိုင်ခန်း၏တပ်များ မြန်မာနိုင်ငံ ပုဂံအင်ပါယာအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ပွဲများဖြစ်သည်။ ဤစစ်ပွဲ၏ အကျိူးသက်ရောက်မှုအဖြစ် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင်စိုးမိုးခဲ့သော မြန်မာနိုင်ငံ ပုဂံအင်ပါယာ ပြိုကွဲခဲ့၍ အရှေ့တောင်အာရှတစ်ခွင်တွင် တိုင်ရှမ်းမျိုးနွယ်များ အားကောင်းလာခဲ့သည်။
အေဒီ [၁၂၇၁-၇၂] ခုနှစ်တွင် ကုဗလိုင်ခန်းသည် တရုတ်စုန်မင်းဆက်ကို သိမ်းပိုက်ရန် စစ်ပြင်ခဲ့ရာ စုန်မင်းဆက်၏ ထွက်ပေါက်တစ်ခုဖြစ်သော ပုဂံ အင်ပါယာ သို့လည်း လက်အောက်ခံအဖြစ် လက်ဆောင်ပဏ္ဏာဆက်သရန် သံ အဖွဲ့ စေလွှတ်ခဲ့သည်။ သို့ရာတွင် ပုဂံ ဧကရာဇ်ဘုရင် နရသီဟပတေ့သည် မွန်ဂိုသံအဖွဲ့ ကို လက်ဆောင်ပဏ္ဏာပေးရန် ငြင်းပယ်ခဲ့သည်။ မွန်ဂိုတို့သည် အေဒီ [၁၂၇၃] တွင် လက်ဆောင်ပဏ္ဏာဆက်သရန် အမိန့်ဖြင့် ပုဂံသို့ သံအဖွဲ့ ထပ်မံစေလွှတ်ခဲ့ ပြန်သော်လည်း ပုဂံဧကရာဇ်ဘုရင် နရသီဟပတေ့သည် မွန်ဂိုသံများကို ထပ်မံငြင်းပယ်ခဲ့ပြန်ရာ အေဒီ [၁၂၇၅] တွင် မွန်ဂို ဧကရာဇ်ဘုရင်က သူ၏ လက်အောက်ခံ ယူနန်တပ်များကို ပုဂံအင်ပါယာနှင့် နယ်စပ်ဒေသများကို တိုက်ခိုက်စေခဲ့သည်။ ယင်းနောက် တခဏတာ စစ်ရပ်ဆဲခဲ့ပြန်၍ မွန်ဂိုတပ်များ အရှေ့တောင်အာရှဖက်သို့ စစ်မျက်နှာဖွင့်ခဲ့သော အေဒီ [၁၂၈၁] တွင်မူ ပုဂံ သို့ ပဏ္ဏာဆက်ရန် မွန်ဂိုသံများ ရောက်ခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်လည်း ပုဂံက ပဏ္ဏာဆက်ရန် ငြင်းပယ်ခဲ့ပြန်ရာ အေဒီ [၁၂၈၃-၈၅] တွင် မွန်ဂိုတပ်များ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြကာ ပုဂံတပ်များနှင့် စစ်ပွဲများဖြစ်ခဲ့ကြသည်။ ယင်းစစ်ပွဲများတွင် မွန်ဂိုတို့က အရေးသာခဲ့၍ မြန်မာနိုင်ငံမြောက်ပိုင်း တကောင်းနှင့် ဟံလင်းထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ မြန်မာဘုရင် နရသီဟပတေ့မင်းသည် ထိုအချိန်တွင် ပုဂံမှ ပြည်၏ အနောက်ဖက် လှည်းကူးသို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်။ မွန်ဂိုတို့က သိမ်းပိုက်ပြီးသော မြန်မာပြည်မြောက်ပိုင်းကို မွန်ဂို လက်အောက်ခံ ချန်မိယဲန်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ (Full article...) - Image 3
ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ သည်၂ဝဝရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သောသံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် စစ်အာဏာပိုင်များ၏ အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင် တရားရုံးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။ (Full article...) - Image 4
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဘက် အကျဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအနီး သင်္ဘောကြီးများ သွားလာရာ စီးပွားရေးအချက်အချာကျသည့် နေရာတွင် တည်ရှိသည်။ (Full article...) - Image 5
ဗဒလင်းဂူ သည် မြန်မာပြည်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် ရှိသည်။ ပဒတ်လိုဏ်ဂူဟုလည်း ခေါ်သည်။ ဒေသခံ လူတွေများက ပဒတ် ခေါင်းထောင် နေသလို ခပ်မြင့်မြင့်၊ ခပ်မော့မော့မှာ တည်ရှိ၍ ပဒတ်လိုဏ် ဟုခေါ်သည်။ –ပြဒါးလင်း— ဂူဟု ပညာရှိ အခေါ်ခံရ သူတွေက ပြင်ပြီး ခေါ်ကြသည် ဟု သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း က ဆိုသည်။ သို့သော်လည်း ထိုအချိန်က ကျောက်ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့် ဒေသခံများက ပြဒါးလင်းဂူဟု ခေါ်ဝေါ်ကြသည်။ (Full article...) - Image 6
ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လ မှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊ လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ (Full article...) - Image 7
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ရွေးချယ်မည်ဖြစ်သည်။၂၀၂၁ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် ဤရွေးကောက်ပွဲရလဒ်များကို စစ်ကောင်စီမှဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။ (Full article...) - Image 8နန္ဒာလှိုင်သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကြော်ငြာသရုပ်ဆောင် လောကတွင် နာမည်ကျော်ကြား လူကြိုက်များသော မင်းသမီး တစ်လက်ဖြစ်ခဲ့သည်။ (Full article...)
- Image 9
မြန်မာဘုရင့်တပ်မတော်သည် ၉ရာစုမှ ၁၉ရာစုအထိတိုင်အောင် အရှေ့တောင်အာရှတွင် အင်အားအလွန်ကြီးမားသော တပ်မတော်အဖြစ်တည်ရှိခဲ့ပါသည်။ ၁၉ရာစုတွင် ဗြိတိသျှတို့သည် ကျူးကျော်စစ်သုံးကြိမ်ခင်း၍ မြန်မာဘုရင့်တပ်မတော်ကို နှစ်ပေါင်း၆၀ကျော် ကြာအောင်တိုက်ခိုက်ဖျက်စီးခဲ့သည်။ မြန်မာဘုရင့်တပ်မတော် ဆိုသည်မှာ သရေခေတ္တယာအင်ပါယာ၊ ပုဂံအင်ပါယာ၊ တောင်ငူအင်ပါယာ၊ ညောင်ရမ်းအင်ပါယာ၊ ကုန်းဘောင်အင်ပါယာ၊ မြင်စိုင်းနိုင်ငံ၊ ပင်းယနိုင်ငံ၊ စစ်ကိုင်းနိုင်ငံ၊ အင်းဝနိုင်ငံ၊ မက္ခရာနိုင်ငံ၊ ဟံသာဝတီတိုင်းပြည်၊ သထုံတိုင်းပြည်၊ မြောက်ဦးတိုင်းပြည်၊ တိုင်ရှမ်းတိုင်းပြည်၊ လေးမြို့တိုင်းပြည် တို့၏ တပ်မတော် ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
စစ်တပ်ကို မြို့တော်နှင့် နန်းတော်ကို ကာကွယ်သည့် ထောင်ဂဏန်းရှိသော သေးငယ်သော တပ်ငယ်တစ်ခုအဖြစ် ဖွဲ့စည်းထားပြီး ပိုမိုကြီးမားသော စစ်မှုထမ်းအခြေပြု စစ်အတွင်း စစ်တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ စစ်မှုထမ်းစဉ်ကာလတွင် လူဦးရေအပေါ်အခြေခံ၍ ၎င်းတို့၏တရားစီရင်ပိုင်ခွင့်မှ ကြိုတင်သတ်မှတ်ထားသော လူများကို ၎င်းတို့၏တရားစီရင်ပိုင်ခွင့်ခွဲတမ်းကို ထောက်ပံ့ပေးရန် ဒေသတွင်းအကြီးအကဲများ လိုအပ်သည့် အမူထမ်း စနစ်အပေါ် အခြေခံထားသည်။ စစ်အတွင်း စစ်တပ်တွင် ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ် နှင့် ရေတပ်များ ပါဝင်သည်။ (Full article...) - Image 10ခါကာဘိုရာဇီတောင် (ဟန်ဂျာ: 卡加伯拉吉山)သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း၊ နယ်စပ်တွင် တည်ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်သည်။ အမြင့်ပေ ၁၉,၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈' အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
- Image 1ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
- Image 2နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
တမ်းပလိတ်:မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် အားကစားအသင်းများ |
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း
နောက်ထပ် မုခ်ဝများ
မုခ်ဝများကို အသုံးပြု၍ ဝီကီပီးဒီးယားကို လေ့လာပါ
-
လက်ရှိဖြစ်ရပ်များ မုခ်ဝ
-
လူ့အဖွဲ့အစည်း မုခ်ဝ