မိုးကြိုးလွှဲစနစ်
မိုးကြိုးပစ်ခြင်းမှ ကာကွယ်ရန် အသုံးပြုသော သတ္တုချောင်း သို့မဟုတ် သတ္တုပစ္စည်း / From Wikipedia, the free encyclopedia
မိုးကြိုးလွှဲစနစ် (Lightning Protection System) ဆိုသည်မှာ အဆောက်အဦးတစ်ခုအား မိုးကြိုးပစ်သည့်အခါတွင် ထိမှန်ခံရသည့် အဆောက်အဦးအား ပျက်စီးမှုမရှိစေရန် ဖန်တီးတပ်ဆင်ထားသော စနစ်တစ်ခုဖြစ်သည်။ မိုးကြိုးလွှဲစနစ်သည် ပြင်းထန်အားကြီးလွန်းသော ဗို့အားမြင့် မိုးကြိုးလျှပ်စီးကြောင်းအား မြေပြင်ထဲသို့ ဘေကင်းစွာ ရောက်ရှိသွားစေရန် ဖန်တီးပေးသည်။
မိုးကြိုးလွှဲစနစ်တစ်ခုတွင် ထိမှန်လာမည့် မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိရန် ဒီဇိုင်းထုတ်ထားသော မိုးကြိုးဖမ်းညှို့တိုင် (Air Terminal) ၊ မိုးကြိုးလျှပ်စစ်စီးကြောင်းကို သယ်ယူသည့် မိုးကြိုးသယ် လျှပ်ကူး (Conductor) ၊ မိုးကြိုးလျှပ်စီးကြောင်းကို မြေပြင်ထဲ ရောက်ရှိစေရန် မြေပြင်ထဲသို့ ထိုးစိုက်ဆက်သွယ်ထားသော မြေစိုက်လျှပ်ငုတ် (Electrode) တို့ ပါဝင်သည်။