မာဆာယိုရှိ ဆွန်
From Wikipedia, the free encyclopedia
မာဆာယိုရှိ ဆွန် (၁၉၅၇ ဩဂုတ် ၁၁ မွေး) သည် ဂျပန် ဘီလျံနာ နည်းပညာ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူနှင့် ပရဟိတသမား တစ်ဦး ဖြစ်သည်။ သူသည် ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်သော ဆော့ဖ်ဘန့်ခ် ၏ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်၊ ဆော့ဖ်ဘန့်ခ် မိုဘိုင်း၏ အမှုဆောင် အရာရှိချုပ်နှင့် ယူကေအခြေစိုက် အမ်းဟိုးလ်ဒင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။[1]
မာဆာယိုရှိ ဆွန် | |
---|---|
မွေးသက္ကရာဇ် | ၁၉၅၇၊ ဩဂုတ်လ ၁၁ ရက် ဆာဂါး၊ ဂျပန် |
နိုင်ငံသား | ဂျပန် |
အလုပ်အကိုင် | Softbank တည်ထောင်သူ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ) |
ဘလွန်းဘာ့ခ်၏ ခန့်မှန်းချက်အရ ဆွန်၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၇.၈ ဘီလီယံ ရှိသဖြင့် ဂျပန်နိုင်ငံတွင် တတိယမြောက် အချမ်းသာဆုံးသူ တစ်ဦး ဖြစ်သည်။ သူသည် သမိုင်းတွင် ငွေကြေးအများဆုံး ဆုံးရှုံးခဲ့ဖူးသူ (၂၀၀၀ ခုနှစ် ဒေါ့ကွန်းပြိုလဲမှုတွင် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံမျှ ဆုံးရှုံးခဲ့သည်။) တစ်ဦးလည်း ဖြစ်သည်။[2]
ဆွန်သည် ဖော်ဘီမဂ္ဂဇင်း၏ ကမ္ဘာတွင် ဩဇာအရှိဆုံး လူစာရင်းတွင် အဆင့် ၄၅ အဖြစ် ဖော်ပြခြင်း ခံရသည်။[3]
၂၀၂၀ ဒီဇင်ဘာလ ဘလွန်းဘာ့ခ်၏ ဘီလျံနာစာရင်းတွင် ဆွန်သည် အဆင့် ၅၀ ဖြစ်ပြီး ဂျပန်တွင် တတိယမြောက် အချမ်းသာဆုံး ဖြစ်ကာ ခန့်မှန်းခြေ ပိုင်ဆိုင်မှု ၂၇.၈ ဘီလီယံ ရှိသည်။