ဘူမိဗေဒဆိုင်ရာ အချိန်ကာလ
အချိန်ကာလနှင့်တပြေးညီ ဘူမိကျောက်လွှာ အမျိုးအစားခွဲခြားပေးသည့် အချိန်ကာလသတ်မှတ်ခြင်းစနစ် / From Wikipedia, the free encyclopedia
ဘူမိ အချိန်ကာလ (သို့) ဘူမိဗေဒဆိုင်ရာ အချိန်ကာလ (Geologic Time Scale, Geological Time Scale) သည် ကမ္ဘာမြေ၏ ကျောက်စိုင်ကျောက်သား မှတ်တမ်းအပေါ်မူတည်၍ ကိုယ်စားပြုဖော်ပြထားသည့် အချိန်ကာလ သတ်မှတ်ချက်ဖြစ်သည်။ ၎င်းသည် Chronostratigraphy (အချိန်ကာလနှင့် ကျောက်လွှာများ၏ ပတ်သက်ဆက်နွယ်မှု လေ့လာခြင်း လုပ်ငန်းစဉ်) နှင့် Geochronology (ကျောက်များ၏သက်တမ်းကို ဆုံးဖြတ်ရန်ရည်ရွယ်သည့် ဘူမိဗေဒပညာဆိုင်ရာ သိပ္ပံနည်းကျလေ့လာမှု ပညာရပ်ခွဲ) ကို အသုံးပြုသည့် အချိန်နှင့်တပြေးညီ အချိန်ကာလ ပြန်လည်ကောက်ယူသည့် စနစ်တစ်ခုဖြစ်သည်။ ၎င်းကို ဘူမိဗေဒ ပညာရှင်များ၊ နိခါတကဗေဒ ပညာရှင်များ၊ ဘူမိရူပဗေဒ ပညာရှင်များ၊ ဘူမိဓာတုဗေဒ ပညာရှင်များ အပါအဝင် ကမ္ဘာမြေ သိပ္ပံပညာရှင်များက အဓိကအားဖြင့် အသုံးပြုကြသည်။ ကျောက်သားအလွှာများနှင့် ကျောက်အမျိုးအစားတို့၏ ဆက်နွယ်မှုကို လေ့လာခြင်း နှင့် ဘူမိအတိတ်ကာလ၏ သံလိုက်စက်ကွင်း ဂုဏ်သတ္တိများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့သော အင်္ဂါရပ်များကို ခွဲခြားသတ်မှတ်ခြင်းတို့ဖြင့် အချိန်ကာလသတ်မှတ်မှုကို တီထွင်ခဲ့သည်။ ဘူမိဗေဒအချိန်၏ စံချိန်စံညွှန်းသတ်မှတ်ထားသော နိုင်ငံတကာယူနစ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုခြင်း[1] သည် နိုင်ငံတကာ ဘူမိဗေဒသိပ္ပံအဖွဲ့ (IUGS) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံတကာ ကော်မရှင် (ICS) ၏ တာဝန်ဖြစ်သည်။ ဘူမိဗေဒအချိန်ကို ပိုင်းခြားသတ်မှတ်ရန် အသုံးပြုသော နိုင်ငံတကာ သက်တမ်းအလိုက်ကျောက်လွှာစဉ် ဇယားကားချပ် (အင်္ဂလိပ်: International Chronostratigraphic Chart - ICC)[2] အား သက်တမ်းအလိုက်ကျောက်လွှာ အုပ်စုများကို ဘူမိကာလဆိုင်ရာ ယူနစ်များအဖြစ် သတ်မှတ်ရန်အတွက် တစ်ဖန်အသုံးပြုပါသည်။[2]