ဘုရင့်နောင်
တောင်ငူအင်ပါယာကိုချဲ့ထွင်ခဲ့သောမြန်မာဘုရင် / From Wikipedia, the free encyclopedia
ဘုရင့်နောင် (၁၅၁၆ - ၁၅၈၁) ကို ဟံသာဝတီ ဆင်ဖြူများရှင် အဖြစ်လည်း အသိများသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကိုအောင်မြင်စွာ ဆက်လက်တည်ဆောက်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက ရိုသေလေးစားရသည့် ဘုရင် ဧကရာဇ်တစ်ဦး ဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းဆွေမင်းမျိုးဖြစ်သည်ဟု ဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေ ဘုရင့်နောင်သည် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါသော၊ နာမည်အကျော်ကြားဆုံး ဘုရင်တစ်ဦးအဖြစ် လက်ခံထားကြသည်။
အချက်တိုများ
ဘုရင့်နောင်ကျော်ထင်နော်ရထာ | |
၁၅၁၆ - ၁၅၈၁ | |
နန်းသက် | ၃၀ ဧပြီ ၁၅၅၀ – ၁၀ အောက်တိုဘာ ၁၅၈၁ |
အမည်အပြည့်အစုံ | ဘုရင့်နောင် ကျော်ထင်နော်ရထာ |
ငယ်မည် | ရှင်ရဲထွတ် |
ဘွဲ့အမည် | သီရိ တြိဘု၀နာဒိတျ ပ၀ရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိ |
အမည်ကွဲ | |
နံတော် | ဗုဒ္ဓဟူး |
မွေးဖွားသည့်နေ့ | ၁၆ ဇန်နဝါရီ ၁၅၁၆ |
မွေးရာဇာတိ | တောင်ငူ |
ဖခမည်းတော် | မင်းကြီးဆွေ |
မယ်တော် | ရှင်မျိုးမြတ် |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ကြင်ရာတော် | အတုလသီရိ (သခင်ကြီး) |
နန်းစံရာ နေပြည်တော် | ဟံသာဝတီ |
နတ်ရွာစံသည့်နေ့ | ၁၀ အောက်တိုဘာ ၁၅၈၁ |
နတ်ရွာစံသည့်နေရာ | ဟံသာဝတီ |
မြှုပ်နှံရာနေရာ | ဟံသာဝတီ |
ဆက်ခံခဲ့သောမင်း | တပင်ရွှေထီး |
ဆက်ခံမည့်မင်း | နန္ဒဘုရင် |
မင်းဆက် | တောင်ငူမင်းဆက် |
ပိတ်ရန်