ဘတ်ဂွန်းဟဲ
တောင်ကိုရီးယားနိုင်ငံ၏ ၁၁ကြိမ်ေြမာက်သမ္မတ / From Wikipedia, the free encyclopedia
ဘတ်ဂွန်းဟျဲ (အင်္ဂလိပ်: Park Geun-hye) (ပတ်ဂွန်ဟေး၊ ပတ်ဂွမ်ဟီး ဟုလည်းစာလုံးပေါင်း)[2] [3] သည် ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား)၏ (၁၁) ယောက်မြောက် သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတအဖြစ် ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ အကျင့်ပျက်ခြစားမှုဖြင့် သမ္မတရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။[4] တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်ကာ ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် ပထမဆုံးသော သမ္မတဖြစ်သည်။ ယခင်သမ္မတဟောင်း ပတ်ချုန်ဟီး ၏ သမီးလည်းဖြစ်သည်။ဘတ်ဂွန်းဟဲသည် မိခင်ဖြစ်သူ သမ္မတကတော် Yuk Young-soo လုပ်ကြံခံရပြီးနောက် လစ်လပ်နေသော First Lady တာဝန်များကို ထမ်းဆောင်ခဲ့သေးသည်။
H.E ဘတ်ဂွန်းဟျဲ Park Geun-hye | |
---|---|
박근혜 朴槿惠 | |
၂၀၁၃ခုနှစ်ကတွေ့ရစဉ် | |
တောင်ကိုရီးယားနိုင်ငံ၏ ၁၁ ယောက်မြောက် သမ္မတ | |
တာဝန်သက်တမ်း ၂၅ ဖေဖော်ဝါရီ ၂၀၁၃ – ၁၀ မတ် ၂၀၁၇ | |
ဝန်ကြီးချုပ် | Chung Hong-won Lee Wan-koo Choi Kyoung-hwan (ယာယီ) Hwang Kyo-ahn |
ယခင်လူ | အီမြောင်ဘက် |
ဆက်ခံသူ | Hwang Kyo-ahn (ယာယီ) မွန်ဂျေအင်း |
ဆယ်နူရီပါတီ ခေါင်းဆောင် | |
တာဝန်သက်တမ်း ၁၉ ဒီဇင်ဘာ ၂၀၁၁ – ၁၅ မေ ၂၀၁၂ | |
ယခင်လူ | Hwang Woo-yea (ယာယီ) |
ဆက်ခံသူ | Hwang Woo-yea |
ဂရင်းနေရှင်ပါတီ ခေါင်းဆောင် | |
တာဝန်သက်တမ်း ၂၃ မတ် ၂၀၀၄ – ၁၅ ဇွန် ၂၀၀၆ | |
ယခင်လူ | Choi Byeong-yul |
ဆက်ခံသူ | Kim Yeong-seon (ယာယီ) |
အမျိုးသားလွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၃၀ မေ ၂၀၁၂ – ၁၀ ဒီဇင်ဘာ ၂၀၁၂ | |
တောင်ကိုရီးယားနိုင်ငံ၏ First Lady | |
ယာယီ | |
In role ၁၆ ဩဂုတ် ၁၉၇၄ – ၂၆ အောက်တိုဘာ ၁၉၇၉ | |
သမ္မတ | ပတ်ချုန်ဟီး |
ယခင်လူ | Yuk Young-soo |
ဆက်ခံသူ | ဟုန်းဂီ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1952-02-02) ၂ ဖေဖော်ဝါရီ၊ ၁၉၅၂ (အသက် ၇၂) ဒဲဂူ၊ ကိုရီးယားသမ္မတနိုင်ငံ |
နိုင်ငံရေးပါတီ | တစ်သီးပုဂ္ဂလ (၂၀၁၇ - လက်ရှိ)[1] |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | ဆန်နူရယ်ပါတီ (၂၀၁၇ မတိုင်မီအထိ) |
မိခင် | Yuk Young-soo |
ဖခင် | ပတ်ချုန်ဟီး |
နေထိုင်ရာ | ဆိုးလ်မြို့ |
မိခင်ကျောင်း | Sogang University Université Grenoble Alpes |
လက်မှတ် |
ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၈ခုနှစ် ဧပြီလ ၆ရက်နေ့တွင် ထောင်ဒဏ် (၂၄)နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၂၀၂၁ခုနှစ် ဒီဇင်ဘာ (၂၄)ရက်နေ့တွင် သမ္မတ မွန်ဂျေအင်း က အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ထို့ကြောင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့တွင် ပြစ်ဒဏ်အားလုံးမှ လွတ်မြောက်လာခဲ့သည်။[5]