ဖိကျုံ့မှု တောင့်ခံနှုန်းထား
From Wikipedia, the free encyclopedia
ဒြပ်သားစုတမျိုးမျိုး၏ ဖိကျုံ့မှု တောင့်ခံနှုန်းထား (သို့) အဖိအကျုံ့ တောင့်နှုန်း (အင်္ဂလိပ်: bulk modulus; or ) ဆိုသည်မှာ ၎င်း၏ မျက်နှာပြင်များထံသို့ ထောင့်မတ်ကျ သက်ရောက်လာသော ဖိအားတို့ကြောင့် ကျုံ့မဝင်သွားအောင် တောင့်ခံနိုင်မှု နှုန်းထား ဖြစ်သည်။ သင်္ချာနည်းဖြင့်လျှင် အရွယ်အစားတခု ပိုမိုကျုံ့ဝင်သွားအောင် သက်ရောက်ရမည့် တမွတ်စိတ် (en:infinitesimal) အားစုအချိုးကို တည်ကိန်းပြုလျက် နဂိုထုထည်မှ လျော့သွားမှု တမွတ်စိတ်ပမာဏနှင့် စားထားခြင်း၊ အချိုးချထားခြင်း ဖြစ်သည်။[1]