ဖရန့်ဇ် ဖာဒီနန်
ဩစတြီးယား-ဟန်ဂေရီ၏ အိမ်ရှေ့စံမင်းသားဟောင်း (၁၈၆၃-၁၉၁၄) / From Wikipedia, the free encyclopedia
ဩစတြီးယား ဧကရာဇ်မင်း၏ သားတော် ဖရန့်ဇ် ဖာဒီနန် ကားလ် လဒ်ဒွစ်ချ် ဂျိုးဆပ် မာရီယာ (အင်္ဂလိပ် ; Archduke Franz Ferdinand Carl Ludwig Joseph Maria of Austria) (ဂျာမန် ; Franz Ferdinand von Österreich-Este) (၁၈ ဒီဇင်ဘာ ၁၈၆၃ - ၂၈ ဇွန် ၁၉၁၄) သည် ဩစတြီးယား-ဟန်ဂေရီ မင်းဆက်၏ အိမ်ရှေ့မင်းသား ဖြစ်သည်။[2] ဆာရာယေဗိုတွင် ဤမင်းသားကြီး လုပ်ကြံခံရခြင်းသည် ပထမကမ္ဘာစစ် ဖြစ်ပွားစေသော အဓိက အကြောင်းရင်းဟု ဆိုကြသည်။
ဧကရာဇ်မင်း၏သားတော် ဖရန့်ဇ် ဖာဒီနန် | |||||
---|---|---|---|---|---|
ဩစတြီးယား-အက်စ်တေး ဧကရာဇ်မင်းသား | |||||
ဖရန့်ဇ် ဖာဒီနန် c. ပုံတူပန်းချီ | |||||
မွေးဖွား | ဖရန့်ဇ် ဖာဒီနန် (1863-12-18)၁၈ ဒီဇင်ဘာ၊ ၁၈၆၃ ဂရက်ဇ် ၊ ဩစတြီးယား | ||||
ကွယ်လွန် | ၂၈ ဇွန်၊ ၁၉၁၄(1914-06-28) (အသက် ၅၀) ဆာရာယေဗို၊ ဘော့စနီးယား | ||||
ထာဝရ အိပ်စက်ရာ နေရာ | ၄ ဇူလိုင် ၁၉၁၄ အာ့စတက်တန် ရဲတိုက် | ||||
ကြင်ယာဖက် | ဆိုဖီ ချိူတက် (လက်ထပ် ၁၉၀၀; သေဆုံး ၁၉၁၄)[1] | ||||
| |||||
တော်ဝင်အိမ်တော် | ဩစတြီးယား-အက်စ်တေး ဟဘ်စ်ဘပ်-လော်ရိန်း | ||||
ခမည်းတော် | ဩစတြီးယား ဧကရာဇ်မင်း၏ သားတော် ကားလ် လဒ်ဒွစ်ချ် ဂျိုးဆပ် | ||||
မယ်တော် | မင်းသမီး မာရီယာ | ||||
ကိုးကွယ်မှု | ရိုမန်ကတ်သလစ် ဘုရားကျောင်းတော် | ||||
အလုပ်အကိုင် | ဩစတြီးယား-ဟန်ဂေရီ၏ အိမ်ရှေ့စံ ကြီးမြတ်သော တော်ဝင် အင်ပါယာ ဧကရာဇ်မင်းမြတ်၏ သားတော်နှင့် ဟန်ဂေရီ၊ဘိုဟီးမီးယားနှင့်ခရိုအေးရှားတို့၏ တော်ဝင်မင်းသား(၁၈၆၃) ကြီးမြတ်သောတော်ဝင်အင်ပါယာနှင့် ဩစတြီးယား-အက်စ်တေး ဧကရာဇ်မင်းမြတ်၏ သားတော် (၁၉၁၄) | ||||
လက်မှတ် |
အိမ်ရှေ့မင်းသား ဖရန့်ဇ် ဖာဒီနန်နှင့် ကြင်ယာတော်တို့ကို ဘောစနီးယားမြို့တော် ဆာရာယေဗိုတွင် ဆားဘီးယား ဘော့စနီးယန်း အမျိုးသားတစ်ဦးဖြစ်သည့် ဂါဗရီလို ပရင်ဆစ် (en:Gavrilo Princip) က သေနတ်ဖြင့် အနီးကပ် လုပ်ကြံခဲ့သည်။ ယင်းလုပ်ကြံသူသည် ဘော့စနီးယားနှင့် ဆားဘီးယားပူးပေါင်းရေးကို လိုလားသူဖြစ်သည်။ ထိုလုပ်ကြံမှုကို အခွင့်ကောင်းယူကာ ဩစတြီးယား-ဟန်ဂေရီက ဆားဘီးယားကို ချေမှုန်းရန် ကြံစည်သည်။ ဩစတြီးယား-ဟန်ဂေရီသည် ဂျာမနီ၏ထောက်ခံမှုဖြင့် ဆားဘီးယားထံ ပြင်းထန်သည့် ရာဇသံပေးပို့သည်။ နောင်တွင် ဆာဘီးယားအပေါ် ဩစတြီးယား-ဟန်ဂေရီအင်ပါယာ က စစ်ကြေညာသည်။ ထိုစစ်ကြေညာမှုမှ စတင်ကာ ပထမ ကမ္ဘာစစ် ဖြစ်ပွားသည်။