ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂
ကိုရိုနာဗိုင်းရပ်စ်ကို ဖြစ်စေတတ်သောရောဂါ / From Wikipedia, the free encyclopedia
ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2)[2][3](ယခင်အမည် 2019-nCoV)[4][5][6]သည် positive-sense single-stranded RNA virus အမျိုးအစားဖြစ်သည်။[7][8] ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉(COVID-19) ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတစ်မျိုးလည်းဖြစ်၏ ။ ၎င်းဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်း ကူးစက်တတ်သည်။ ၎င်းသည် ၂၀၁၉-၂၀_ကိုရိုနာဗိုင်းရပ်စ်_ဖြစ်ပွားမှု၏ အကြောင်းတစ်ရပ်လည်းဖြစ်ပေသည်။[9]
Severe acute respiratory syndrome coronavirus 2 | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
Colourised transmission electron micrograph of SARS-CoV-2 virions with visible coronae | |||||||||||
Atomic model of the external structure of the SARS-CoV-2 virion. Each "ball" is an atom.[1]
| |||||||||||
ဗိုင်းရပ်စ် ခွဲခြားခြင်း | |||||||||||
(unranked): | ဗိုင်းရပ်စ် | ||||||||||
Realm: | Riboviria | ||||||||||
မျိုးပေါင်းစု: | incertae sedis | ||||||||||
မျိုးစဉ်: | Nidovirales | ||||||||||
မျိုးရင်း: | Coronaviridae | ||||||||||
မျိုးစု: | Betacoronavirus | ||||||||||
Subgenus: | Sarbecovirus | ||||||||||
မျိုးစိတ်: | Severe acute respiratory syndrome–related coronavirus | ||||||||||
Virus: | Severe acute respiratory syndrome coronavirus 2 | ||||||||||
Notable variants | |||||||||||
| |||||||||||
Synonyms | |||||||||||
|
ယခုဗိုင်းရပ်စ်(SARS-CoV-2) သည် လင်းနို့ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးရိုးဗီဇ နီးကပ်စွာတူညီသဖြင့် လင်းနို့သယ်ဆောင်သော ဗိုင်းရပ်စ်မှ ပေါ်ထွက်လာခဲ့သည်ဟု ညွှန်းဆိုပြောကြားကြသည်။ [10][11][12] သင်းခွေချပ်ကဲ့သို့သော ရောဂါသိုမှီးရာကြားတိရစ္ဆာန်က လူသို့စတင်ရောက်ရှိစေသော ပတ်သက်မှုရှိနိုင်သည်ဟုလည်း ထင်မြင်ကြသည်။ [13][14] မျိုးရိုးဗီဇခွဲခြားခြင်းပညာရပ်(taxonomy) ရှုထောင့်မှ SARS-CoV-2 ကို ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာနှင့်ဆက်နွယ်သော ကိုရိုနာဗိုင်းရပ်စ်(SARSr-CoV) မျိုးစိတ်မှ တစ်မျိုးဟု ခွဲခြားဖော်ပြကြ၏ ။ [2]
လူ့ကိုယ်ခန္ဓာပြင်ပတွင် ဗိုင်းရပ်စ်၏ အလွတ်သဘောပုံစံ viron (free form of the virus) ကို ဆပ်ပြာက သေစေနိုင်သည်။ [15]
ဤဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဟူပေ့ခရိုင် ဝူဟန်မြို့၌ ပထမဆုံးစတင်ခွဲခြားသတ်မှတ်နိုင်ခဲ့၍ "ဝူဟန် ဗိုင်းရပ်စ်" သို့ "ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်" ဟူ၍ ရံခါ၌ ရည်ညွှန်းခဲ့သည်များလည်းရှိသည်။ [16][17][18][19] ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နေရာဒေသများအပေါ်အခြေခံသော အမည်များကို သုံးစွဲခြင်းကို တားဆီး၍ [13][20][21] ဆားစ် (SARS) ရောဂါနှင့် လွဲမှားမှုမရှိစေရန်[22] ယခုဗိုင်းရပ်စ်ကို "COVID-19" သို့ "the COVID-19 virus" ဟု ပြည်သူ့ကျန်းမာရေးရာ ချိတ်ဆက်ဆက်သွယ်မှုများတွင် ရည်ညွှန်းသုံးစွဲကြသည်။ [23] သမားရိုးကျပြည်သူလူထုက ဤ ဗိုင်းရပ်စ် နှင့် ရောဂါ ကို ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟူ၍ ခေါ်ဝေါ်သုံးစွဲကြ၏ ။ သိပ္ပံပညာရှင်များ နှင့် သတင်းသမားများက ပို၍တိကျသော ဝေါဟာရများဖြင့် သုံးစွဲကြသည်။ [24]