ပျူ
From Wikipedia, the free encyclopedia
ပျူ (သို့) ပျူလူမျိုး များ သည် တိဘက်-ဗမာအနွယ်ဝင်များထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည်ဟု မှန်းဆရသည်။ အသားရောင်ပေါ်မူတည်၍ လူမျိုးခွဲခြားသောစနစ်အရ ပျူတို့သည် မွန်ဂိုလွိုက်ခေါ် အသားဝါမျိုးနွယ်အုပ်စုတွင်ပါဝင်သည်။ [1]
အချက်တိုများ ပျူမြို့ပြနိုင်ငံများ ပျူ, မြို့တော် ...
ပျူမြို့ပြနိုင်ငံများ ပျူ | |
---|---|
မြို့တော် | ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ မိုင်းမော |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ၊ မဟာယန ဗုဒ္ဓဘာသာ၊ |
အစိုးရ | ဘုရင်စနစ် |
ပိတ်ရန်
ဧရာဝတီမြစ်ရိုးအနောက်ဘက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။ အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ ၊ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစုအစောပိုင်လောက်တွင် နန်ကျောက် တို့၏ရန်စစ်ကို ခံရကာအင်အားနည်းသွားရပြီး မျိုးတူ ဗမာအပါအဝင် ကျန် ချင်း၊ကရင်၊ ပအိုဝ်း အစရှိသည့် လူမျိုးအုပ်စုကြီးများအတွင်း ရောနှောပျောက်ကွယ်သွားရသည်။