ပလေးစတေရှင် (ဂိမ်းစက်)
From Wikipedia, the free encyclopedia
ပလေးစတေရှင် (PlayStation|တရားဝင်အတိုကောက် PS ဖြစ်သော်လည်း PS1 သို့မဟုတ် PSX ဟု လူသိများသည်။ ဆိုနီမှ ထုတ်လုပ်ဖူးသော PSX ဂိမ်းစက်နှင့်မမှားရန်) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေးမှ ထုတ်လုပ်ဖြန့်ချိသော ၃၂ဘစ် အိမ်သုံးဗီဒီယိုဂိမ်းစက် အမျိုးအစား ဖြစ်သည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံတွင် လည်းကောင်း၊[1] ၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် မြောက်အမေရိကနှင့် ဥရောပဈေးကွက်သို့ လည်းကောင်း အသီးသီးဖြန့်ချိခဲ့သည်။ ပဉ္စမမြောက် ဂိမ်းစက်မျိုးဆက်အဖြစ် Nintendo 64 နှင့် Sega Saturn တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဒီဇိုင်းပြန်လည်ပြင်ဆင်ထားသည့် ပိုမိုကျစ်လျစ်သေးငယ်သည့် ပလေးစတေရှင် မော်ဒယ် "PSOne" ကို ဖြန့်ချိခဲ့သည်။
အပေါ်ဆုံး: ပလေးစတေရှင် လိုဂို၊ မူလမော်ဒယ်နှင့် DualShock လက်ကိုင်ခလုတ် အောက်ဆုံး: ပိုသေးသော ဒီဇိုင်းပြုပြင်ထားသည့် PSone | |
အခြားအမည် | ပီအက်စ်ဝမ်း |
---|---|
ထုတ်လုပ်သူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး |
ပစ္စည်းအုပ်စု | ပလေးစတေရှင် |
ပစ္စည်းအမျိုးအစား | အိမ်သုံးဗီဒီယိုဂိမ်းစက် |
မျိုးဆက် | ပဉ္စမမြောက်ဂိမ်းစက်မျိုးဆက် |
ရောင်းချခြင်း | PlayStation JPN ဒီဇင်ဘာ ၃, ၁၉၉၄[1] NA စက်တင်ဘာ ၉, ၁၉၉၅[2] EU စက်တင်ဘာ ၂၉, ၁၉၉၅[3] AUS နိုဝင်ဘာ ၁၅, ၁၉၉၅[4] KOR ၁၉၉၆၀၃၀၂မတ် ၂, ၁၉၉၆ PSone JPN ၂၀၀၀၀၇၀၇ဇူလိုင် ၇, ၂၀၀၀ EU ၂၀၀၀၀၉၂၉စက်တင်ဘာ ၂၉, ၂၀၀၀ |
ရပ်တန့်သည့်နေ့ | ၃၁ မတ် ၂၀၀၆[5] |
ရောင်းရသောအရေအတွက် | ကမ္ဘာတစ်ဝှန်း: ၁၀၂.၄၉ သန်း[5] |
မီဒီယာ | စီဒီရွမ် |
စီပီယူ | MIPS R3000A-family R3051 33.8688 MHz |
သိုလှောင်နိုင်မှုစွမ်းအား | Memory card |
Input | PlayStation Controller, Dual Analog Controller, DualShock |
အရောင်းရဆုံးဗွီဒီယိုဂိမ်း | Gran Turismo, ၁၀.၈၅ သန်းရောင်းချနိုင်ခဲ့ (၃၀ ဧပြီ ၂၀၀၈ အထိ)[6][7] |
နောက်ပေါ်အမျိုးအစား | ပလေးစတေရှင် ၂ |
ပလေးစတေရှင် ဂိမ်းစက်သည် ဖြန့်ချိပြီး ကိုးနှစ်ခွဲအကြာတွင် အရေအတွက် သန်း ၁၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့သည့် ပထမဆုံးသော ကွန်ပျူတာဖျော်ဖြေရေးပစ္စည်း ဖြစ်ခဲ့သည်။[8]
ပလေးစတေရှင် ဂိမ်းစက်၏ နောက်ထွက်မျိုးဆက်မှာ ပလေးစတေရှင် ၂ ဂိမ်းစက်ဖြစ်ပြီး ယင်းစက်တွင် ပလေးစတေရှင် ဂိမ်းစက်အတွက် ထွက်ရှိထားသော ဂိမ်းများ အားလုံးကို ကစားနိုင်သည်။ ပလေးစတေရှင် ဂိမ်းစက် ဖြန့်ချိပြီး ၁၀ နှစ်အကြာ ၂၀၀၄ ဆောင်းရာသီတွင် PSOne ဂိမ်းစက်ရောင်းချမှုကို ဆိုနီမှ အဆုံးသတ်ခဲ့သည်။ ယင်းအချိန်အထိ ဂိမ်းစက် အလုံးရေ ၁၀၂ သန်းခန့် ရောင်းချခဲ့ရပြီးဖြစ်သည်။ ဂိမ်းစက်ဖြန့်ချိမှု ရပ်တန့်ခဲ့သော်လည်း ပလေးစတေရှင် ဂိမ်းစက်အတွက် ဂိမ်းများကိုမူ ၂၀၀၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဆိုနီမှ ထုတ်လုပ်ပေးခဲ့သည်။[9]