နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောကျဥ်းရောဂါ / From Wikipedia, the free encyclopedia
နှလုံးသည် လူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက် (Blood Pump Machine) တစ်ခု ဖြစ်သည်။ သာမန် လူတစ်ဦးတွင် နှလုံးသည် နေ့စဉ် ပျမ်းမျှအားဖြင့် အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေးထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ်ပေးရသည်။
လူ့သက်တမ်းတလျှောက် မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရောက်ပါက အကြိမ်ပေါင်း ၂.၅ ဘီလီယံကျော် ခုန်ခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ အချိန်ပြည့် လုပ်ဆောင်နိုင်ရန် နှလုံးကြွက်သားများအတွက် အောက်စီဂျင်နှင့် အာဟာရများအား နှလုံးသွေးကြော (Coronary Arteries) များမှ ထောက်ပံ့ပေးရသည်။
အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နှင့် အာဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့ချိန်တွင် နှလုံးသွေးကြော ကျဉ်းသည့် လက္ခဏာများ ပေါ်ပေါက်လာသည်။
အမေရိကန်နိုင်ငံတွင် လူဦးရေ ၃ သန်းမှ ၄ သန်းခန့်အထိ မည်သည့် အရိပ်လက္ခဏာမှ မပြသပဲ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေကြရသည်။