နော့စ်လူမျိုး
From Wikipedia, the free encyclopedia
နော့စ်လူမျိုးများ (အင်္ဂလိပ်: Norsemen or Norse people) သည် အလယ်ခေတ်အစောပိုင်းကာလများ (Early Middle Ages : အေဒီ ၅/၆ ရာစု- ၁၀ရာစု) ၏ မြောက်ပိုင်း ဂျာမန်နစ် (ဘာသာစကား ယဉ်ကျေးမှုဆက်နွယ်သော) အုပ်စုတစ်စုဖြစ်ကာ ထိုခေတ်ကာလများ၌ ရှေးဟောင်းနော့စ်ဘာသာစကားကို ပြောဆိုကြသည်။[1][2][3][4] ထိုဘာသာစကားသည် အင်ဒို-ဥရောပ (အိန္ဒိယ-ဥရောပ) ဘာသာစကားများမှ မြောက်ပိုင်းဂျာမန်နစ်ဘာသာခွဲတွင် ပါဝင်ကာ စကန်ဒီနေးဗီးယားဒေသ၏ ခေတ်သစ် ဂျာမန်နစ်ဘာသာစကားများ၏ ရှေးပြေးလည်းဖြစ်သည်။[4] ရှစ်ရာစုနှောင်းပိုင်းကာလအတွင်း နော့စ်လူမျိုးများသည် အရပ်မျက်နှာအဘက်ဘက်သို့ နယ်မြေချဲ့ထွင်ခြင်းများကို ကြီးမားစွာစတင်လုပ်ဆောင်ခဲ့ကြပြီး ဗိုက်ကင်းခေတ်ကို ဖြစ်စေခဲ့ကြသည်။ ၁၉ရာစုမှစ၍ အင်္ဂလိပ်ဘာသာစကားပညာရပ်တွင် နော့စ်ပင်လယ်ပြင်ခရီးသွားကုန်သည်များ၊ အခြေချနေထိုင်သူများနှင့် စစ်သည်များကို ဗိုက်ကင်းများဟူ၍ သတ်မှတ်ရည်ညွှန်းကြသည်။ နော့စ်လူမျိုးများ၏ သွင်ပြင်လက္ခဏာများသည် ခေတ်သစ်ဆင်းသက်လာသူများဖြစ်သည့် [5] ဒိန်းလူမျိုးများ(ဒိန်းမတ်လူမျိုး)၊ အိုက်စလန်သားများ [a] ၊ ဖဲရိုးကျွန်းနေလူမျိုးများ (Faroe Islanders)[a]၊ နော်ဝေးလူမျိုးများနှင့် ဆွီဒင်လူမျိုးများ ထံသို့ဆင်းသက်သွားကြသည်။ [6] ယခု၌ ထိုဖော်ပြပါလူမျိုးများကို နော့စ်လူမျိုးများ အသုံးအနှုံးထက် စကန်ဒီနေးဗီးယန်းလူမျိုးများ ဟုပို၍ရည်ညွှန်းကြသည်။[7]