နိုင်းမိကျောင်း
ကမ္ဘာ၌ ဒုတိယအကြီးဆုံး တွားသွားသတ္တဝါ / From Wikipedia, the free encyclopedia
နိုင်းမိကျောင်း (ခရိုကိုဒီလပ် နီလိုတီကပ်)သည် အာဖရိကတွင် တွေ့ရသော မျိုးစိတ် ၄ မျိုးအနက် အကြီးဆုံး ဖြစ်သည်။ ရှည်လျားသော အမြီးနှင့် အားကောင်းသော မေးရိုးများ ရှိသည်။ နောက်ခြေများသည် ရေကူးရန် ရေယက်များ ပါရှိသည်။ အလျားအားဖြင့် ၂၀ ft (၆.၁ m) ထိရှည်ကာ၊ ၁,၅၀၀ lb (၆၈၀ kg) ထိလေးသည်။[3] များသောအားဖြင့် အထီးသည် အမထက် ပို၍ကြီးမားလေ့ရှိသည်။
Nile crocodile | |
---|---|
At Le Bonheur Crocodile Farm near Stellenbosch, South Africa | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Crocodilia |
မျိုးရင်း: | Crocodylidae |
မျိုးရင်းသေး: | Crocodylinae |
မျိုးစု: | Crocodylus |
မျိုးစိတ်: | C. niloticus |
ဒွိနာမ | |
Crocodylus niloticus Laurenti, 1768 | |
Synonyms | |
|
နိုင်းမိကျောင်းများကို မဒဂါစကာ၊ ဆာဟာရတပိုင်း အာဖရိကနှင့် နိုင်းမြစ်ဝကျွန်းပေါ်တို့၌ တွေ့ရှိရသည်။[3] ယခင်က ဂျော်ဒန်နှင့် အစ္စရေးတွင်လည်း တွေ့ရသည်။[4]မြစ်ချောင်းများ၊ မြစ်ဝများ၊ ရေချိုစိမ့်တောများနှင့် လမုတောရှိ ဗွက်တောများစသော အရပ်ဒေသအမျိုးမျိုး၌ နေထိုင်ကျက်စားသည်။[3].
နိုင်းမိကျောင်းသည် သားစားသတ္တဝါမျိုး ဖြစ်ကာ၊ အသားစားတတ်သည်။ အရွယ်ရောက်လာသော နိုင်းမိကျောင်းသည် မိမိထက်ကြီးသော သတ္တဝါများကို စားသည်။ မိကျောင်းငယ်များသည် အင်းဆက်ပိုးမွှားများနှင့် ငါးသေးများကို စားပြီး၊ မိကျောင်းကြီးများသည် မြင်းကျား ၊ ဒရယ်ငယ်၊ ဆတ်ကျွဲ (wildebeest) နှင့် ကျွဲများကို ဖမ်းယူစားသောက်သည်။[4] နိုင်းမိကျောင်းသည် ရန်လိုတတ်ပြီး၊ အခြားမိကျောင်းများကိုပင် တိုက်ခိုက်သည်။
မိကျောင်းများသည် ရေထဲတွင် မိတ်လိုက်ပြီး၊ ၎င်းနောက် မိကျောင်းမသည် ကုန်းပေါ်၌ ကျင်းတူးကာ ဥများ ဥချသည်။ ဥအလုံး ၆၀ ထိ ဥနိုင်ကာ၊ ဥပေါက်ရန် ရက်ပေါင်း ၉၀ ခန့် ကြာမြင့်သည်။[4] နိုင်းမိကျောင်းနှင့် ပတ်သက်၍ ထူးခြားမှု တခုမှာ ဥများ ပေါက်လာသည်အထိ အမက စောင့်ရှောက်ကာကွယ် နေခြင်း ဖြစ်သည်။[3] အသက် ၁၂ နှစ်သား ရှိလာလျှင်၊ မိကျောင်းငယ်များသည် မျိုးပွားရန် စွမ်းနိုင်သည်။[4]