နိုင်ငံတကာဂီတစာကြည့်တိုက်ပရောဂျက်
From Wikipedia, the free encyclopedia
နိုင်ငံတကာ ဂီတစာကြည့်တိုက် ပရောဂျက် (အိုင်အမ်အက်(စ်)အယ်(လ်)ပီ) (အင်္ဂလိပ်: International Music Score Library Project (IMSLP)) သို့မဟုတ် ပက်တရူချီ ဂီတစာကြည့်တိုက် (Petrucci Music Library) သည် နိုင်ငံတကာအရပ်ရပ်မှ "Sheet music" ခေါ်ဂီတစာရွက်များကို စုဆောင်းသည့် အင်တာနက်စာကြည့်တိုက်မျိုးဖြစ်သည်။ ၂၀၀၆ ခုနှစ်မှစ၍ ယခု ၂၀၂၁ ခုနှစ်အထိ ထိုဝက်ဘ်ဆိုက်တွင် တေးရေးဆရာအယောက်ပေါင်း ၂၁၀၀၀ တို့၏ ဖန်တီးမှုပေါင်း ၁၇၂၀၀၀ တို့အတွက် ဂီတစာရွက်ပေါင်း ၅၄၅၀၀၀ ကျော်နှင့် နားဆင်နိုင်သော သီချင်းအပုဒ်ပေါင်း ၆၅၀၀၀ တို့ကိုတင်ထားသည်။[1] ထိုဝက်ဘ်ဆိုက်၏ ဝီကီသည် ဝီကီပီးဒီးယား၌ အသုံးပြုထားသော မီဒီယာဝီကီ (MediaWiki) ကို အခြေခံထားသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် iOS အတွက် အိုင်အမ်အက်(စ်)အယ်(လ်)ပီ အပ်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့ပြီး[2]၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်တွင် Android အပ်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့သည်။ [3]
ဝဘ်ဆိုဒ် အမျိုးအစား | ဂီတစာရွက်အတွက် အွန်လိုင်းစာကြည့်တိုက် |
---|---|
ဖတ်ရှုရရှိနိုင်မှု | |
ဌာနချုပ် | |
ပိုင်ဆိုင်သူ | Project Petrucci LLC (ကိုယ်ပိုင် ကုမ္ပဏီ) |
ဖန်တီးသူ | အက်ဒွပ် ဂူအို (Edward W. Guo) (Feldmahler)[4] |
ဝဘ်ဆိုဒ် | imslp.org; petruccilibrary.org |
စီးပွားရေး | ရ၏ (ငွေသွင်းခြင်းဖြင့်) |
မှတ်ပုံတင်ခြင်း | မလို (ပံ့ပိုးမည်ဆိုက လိုအပ်၏) |
လွှင့်တင်ခြင်း | ဖေဖော်ဝါရီ ၁၆၊ ၂၀၀၆; ၁၈ နှစ် အကြာက (၂၀၀၆-၀၂-16) (ဝက်ဘ်ဆိုက်)
မတ် ၂၈၊ ၂၀၁၉; ၅ နှစ် အကြာက (၂၀၁၉-၀၃-28)[6] (Android) |
လက်ရှိ အခြေအနေ | ရှိဆဲ |
အကြောင်းအရာ လိုင်စင် | Creative Commons Attribution-ShareAlike 4.0 International |