နိုင်ငံငယ်
From Wikipedia, the free encyclopedia
တိုင်းပြည်ငယ် နှင့် မရောထွေးပါနှင့်။
နိုင်ငံငယ် (အင်္ဂလိပ်: Microstate သို့မဟုတ် Ministate) ဆိုသည်မှာ မြေထုအကျယ်အဝန်းအရသော်လည်းကောင်း လူဦးရေအရသော်လည်းကောင်း သေးငယ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်မျိုးဖြစ်သည်။ နိုင်ငံတကာဥပဒေများတွင်မူ "နိုင်ငံ" နှင့် "သေးငယ်ခြင်း" တို့ကို တိကျစွာသတ်မှတ်ထားခြင်းမရှိပေ။[1]
အင်ဒိုရာ၊ မိုက်ခရိုနီးရှား၊ မာရှယ်ကျွန်းစု စသည်တို့သည် လူသိများသော နိုင်ငံငယ်များဖြစ်ကြသည်။ ဗာတီကန်စီးတီးသည် နိုင်ငံငယ်များအနက် အသေးငယ်ဆုံးပင်ဖြစ်သည်။ လူဦးရေမှာ ၁၀၀၀ အောက်သာရှိ၍ ၁၁၀ ဧကသာ ကျယ်ဝန်းသည်။ နိုင်ငံငယ်များသည် မြို့ပြနိုင်ငံများ သို့မဟုတ် အုပ်ချုပ်ရေးဒေသတစ်ခုသာ ရှိသည့် နယ်မြေများဖြစ်ကြသည်။
နိုင်ငံငယ် (Microstate) များသည် တိုင်းပြည်ငယ် (Micronation) များနှင့် မတူညီကြပေ။ တိုင်းပြည်ငယ်များသည် လွတ်လပ်သည်ဟုဆိုသော်လည်း နိုင်ငံတကာမှ အသိအမှတ်ပြုမှုမရှိပေ။