နရဲစွမ်
From Wikipedia, the free encyclopedia
မဟာ နရဲစွမ် (ဆမ်ဖတ် ၂) (အင်္ဂလိပ်: Naresuan the Great; ထိုင်း: สมเด็จพระนเรศวรมหาราช, RTGS: Somdet Phra Naresuan Maharat, အသံထွက် [sǒmdèt pʰráʔ nārēːsǔa̯n māhǎːrâːt] listen (ကူညီ·ချက်လက်)) သို့မဟုတ် နရေသဝရ သည် ၁၈ ရာစု အယုဒ္ဓယပြည်၏ ပြည့်ရှင်မင်းတစ်ပါးဖြစ်ပြီး ဆူခိုထိုင်းခေတ်၏ ဒုတိယမြောက် ပြည့်ရှင်မင်းတစ်ပါးဖြစ်သည်။ မဟာချက္ကရာဖတ်ဘုရင့်၏ မြေးတော်တစ်ဦးဖြစ်ပြီး တောင်ငူပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး မွေးစားတော်မူသော သားတော် တစ်ပါးဖြစ်သည်။ မြန်မာတို့မှ ဗြနရာဇ် ဟူ၍လည်း သိကြသည်။ ၁၅၉၀ ခုနှစ်တွင် အယုဒ္ဓယပြည်အား အုပ်စိုးခဲ့ပြီး ဇင်းမယ်ပြည်အား ၁၆၀ ခုနှစ်မှ နတ်ရွာစံသည်အချိန် ၁၆၀၅ ခုနှစ်အထိ အုပ်စိုးနိုင်ခဲ့သည်။ ဗြနရာဇ်သည် ထိုင်းတို့ ချစ်ကြောက်ရိုသေလေးစားရသည့် ပြည့်ရှင်များထဲမှ တစ်ပါးဖြစ်ပြီး ထိုင်းအား တောင်ငူအင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှုများကြောင့် ထင်ရှားသည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံ တောင်ငူမင်းဆက်နှင့် ဖြစ်ပွားသည့် စစ်ပွဲများစွာရှိခဲ့သည်။ ဗြနရာဇ်သည် ဒတ်ချ်များအား အခြေချခွင့်ပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။
မဟာ နရဲစွမ် นเรศวรมหาราช | |
---|---|
အယုဒ္ဓယမင်း | |
မြန်မာတို့ထံမှ လွတ်လမ်းရေးရရန် ကျွေးကျော်ပြီးနောက် မြေသို့ရေလောင်းနေသောဟန် ထုလုပ်ထားသည့် နရဲစွမ်ရုပ်တု၊ နရဲစွမ် တက္ကသိုလ် | |
အယုဒ္ဓယမင်း | |
နန်းသက် | ၁ ဇူလိုင် ၁၅၉၀ – ၂၅ ဧပြီ ၁၆၀၅ |
ရှေ့မင်းဆက် | မဟာသမ္မရာဇသီရတ် |
နောက်မင်းဆက် | ဧကထို့စရို့ |
မွေးဖွား | ၁၅၅၅-၁၅၅၆, ၉၁၇ CS ချန်းနန်းတော်, ပိဿလောက်၊ ဆူခိုထိုင်းတိုင်းပြည် |
ကွယ်လွန် | ၂၅ ဧပြီ၊ ၁၆၀၅(1605-04-25) (aged 49) Monday, 8th waxing of Sixth Siamese month (Vaisakha), 967 CS လင်းဇင်းပြည် |
အိမ်ထောင်ဖက် | မဏိရတနာ ဣကစက္တီ (Ek Kasattri) ယိုးဒယား မိဖုရား |
စံအိမ် | ဆူခိုထိုင်းခေတ် |
ခမည်းတော် | မဟာသမ္မရာဇသီရတ် |
မယ်တော် | ဝိသုကေသထရီ |