နယ်ပယ် (ဇီဝဗေဒ)
ဇီဝမျိုးရိုးခွဲခြားခြင်းအတွက် သတ်မှတ်ပေးထားသော အဆင့် အမည်နာမ / From Wikipedia, the free encyclopedia
ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် နယ်ပယ် (အင်္ဂလိပ်: Domain /dəˈmeɪn/ သို့မဟုတ် /doʊˈmeɪn/ သို့မဟုတ် မြန်မာ: ဒိုမိန်း)(လက်တင်။ regio[1]) သည် Carl Woeseနှင့် ပညာရှင်တစ်စုတို့ ဖန်တီးထားသော သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ်တွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ဤအဆင့်ကို ဆူပါကင်းဒမ်း (superkingdom)၊ ရဲလ်မ် (realm) သို့မဟုတ် အဲမ်ပိုင်ယာ (empire)ဟုလည်း ခေါ်ကြသေးသည်။