ဒိုင်းယက်လူမျိုး
အင်ဒိုနီးရှားရှိ Kalimantan တွင် မွေးဖွားသည့် ဌာနေတိုင်းရင်းသားအုပ်စုဖြစ်သည်။ / From Wikipedia, the free encyclopedia
ဒိုင်းယက် /ˈdaɪ.ək/ ဒယက်(သို့) ဒယုဟ်သည် ဘော်နီယိုကျွန်း၏ ဇာတိလူမျိုး ဖြစ်သည်။ [3] အဓိကအားဖြင့် မျိုးနွယ်စုများ၏ ကွဲပြားသောစရိုက်များကိုအလွယ်တကူခွဲခြား ဖော်ပြနိုင်သော်လည်း ၂၀၀၅ခုနှစ်တွင် မြစ်ကမ်းနှင့်တောင်တန်းဒေသရှိလူမျိုးစုခွဲများသည် ဘော်နီယို၏အလယ်ပိုင်းနှင့်တောင်ပိုင်းအတွင်းပိုင်းတွင်အဓိကနေထိုင်လျက်ရှိပြီး ၎င်းတို့၏ ကိုယ်ပိုင်စကား၊ ဓလေ့ထုံးတမ်းများ၊ ဥပဒေများ၊ နယ်မြေနှင့်ယဉ်ကျေးမှုများရှိသည်။ ဒိုင်းယက်ဘာသာစကားများကိုအာရှရှိ ဩစတြိုနီးယားဘာသာစကား၏ တစ်စိတ်တစ်ပိုင်းအဖြစ်ခွဲခြားထားသည်။ အဆိုပါ ဒိုင်းယက်တို့၏ ယုံကြည်မှုသည် နတ်ကိုးကွယ်မှုဖြစ်သည်။ သို့သော် လူအများအပြား အစ္စလာမ်သို့ကူးပြောင်းခဲ့ပြီး ၁၉ ရာစုမှစ၍ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားကြပြန်သည်။ [4] ယနေ့ ဒိုင်းယက် အများစုသည် သူတို့၏ ရှေးဟောင်းအစဉ်အလာအစဉ်အလာအတိုင်းဆက်လက်ကျင်သုံးနေဆဲဖြစ်သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် အသိအမှတ်ပြုခံထားရသော ဘာသာ (၆) ခုအနက်မှတစ်ခုဖြစ်သည်ဟုဖော်ပြလေ့ရှိသည်။ [5]
ဒိုင်းယက်မျိုးနွယ်ဝင်လူမျိုး, ဣဘန် သို့ ဆီးဘတ်ရိုးရာဝတ်ဆုံဝတ်ဆင်ထားသည့် ယောက်ျားလေးနှင့်မိန်းကလေး | |
လူဦးရေ စုစုပေါင်း | |
---|---|
၆.၃သန်း + | |
အများစု နေထိုင်သည့် နေရာ | |
ဘော်နီယိုကျွန်း: | |
အင်ဒိုနီးရှား | 3,219,626[1] |
အနောက် ကာလီမန်တန် ပြည်နယ် | ၁,၅၃၁,၉၈၉ |
အလယ်ပိုင်း ကာလီမန်တန် | ၁,၀၂၉,၁၈၂ |
အရှေ့ ကာလီမန်တန်ပြည်နယ် | ၃၅၁,၄၃၇ |
ကာလီမန်တန်တောင်ပိုင်း | ၈၀,၇၀၈ |
ဂျာကာတာ | ၄၅,၃၈၅ |
အနောက်ဂျာဗား | ၄၅,၂၃၃ |
ဆူလာဝေဆီတောင်ပိုင်း | ၂၈,၂၅၄ |
ဘန်တန် | ၂၀,၀၂၈ |
အရှေ့ ဂျာဗား | ၁၄,၇၄၁ |
စူမတြားတောင်ပိုင်း | ၁၁,၃၂၉ |
မလေးရှား | ၃,၁၃၈,၇၈၈ |
ဆာရာဝပ် | ၁,၈၃၅,၉၀၀ |
ဆာဘား | ၁,၃၀၂,၈၈၈ |
ဘရူနိုင်း | 30,000[2] |
ဘာသာစကား | |
ဘော်နီယန်းစကား၊ Sabahan language၊ ဒိုင်းယက်၊ ပသျှူး၊ Sarawak Malay၊ အင်ဒိုနီးရှား | |
ကိုးကွယ်မှု | |
အဓိကအားဖြင့် ခရစ်ယာန်, Kaharingan ( ရိုးရာကိုးကွယ်ယုံကြည်မှု ) နှင့် အစ္စလာမ် | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
other ဩစတြိုနီးရှန်းလူမျိုး |