ထောပတ်ပင်
From Wikipedia, the free encyclopedia
ထောပတ် (အင်္ဂလိပ်: Avocado; Persea americana) သည် မက္ကဆီကိုနိုင်ငံ ဗဟိုတောင်ဘက်ပိုင်းတွင် ပေါက်ရောက်သော သစ်ပင်အမျိုးအစား ဖြစ်ပြီး[2] ပန်းမျိုးနွယ်ဝင်ဖြစ်သော မျိုးရင်း Lauraceae တွင် ပါဝင်သည်။[3] မကြာသေးမီက တူးဖော်တွေ့ရှိရမှုများအရ ပီရူးနိုင်ငံတွင် ထောပတ်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၈,၀၀၀ မှ ၁၅,၀၀၀ ခန့်ကပင် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။[4] Avocado (alligator pear ဟုလည်းခေါ်) သည် အစေ့ကြီးတစ်ခု ပါဝင်ပြီး ရုက္ခဗေဒအလိုအရ ကြီးမားသည့် ဘယ်ရီသီးအမျိုးအစားဖြစ်သော အပင်၏ သစ်သီး ကို ခေါ်ဆိုသော အသုံးအနှုန်း ဖြစ်သည်။[5]
ထောပတ်ပင် | |
---|---|
Avocado fruit and foliage, Réunion island | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | Angiosperms |
(unranked): | Magnoliids |
မျိုးစဉ်: | Laurales |
မျိုးရင်း: | Lauraceae |
မျိုးစု: | Persea |
မျိုးစိတ်: | P. americana |
ဒွိနာမ | |
Persea americana Mill. | |
Synonyms | |
|
ထောပတ်သီးများကို စီးပွားရေးအရ ရောင်းဝယ်ကြပြီး အပူပိုင်းဒေသနှင့် မြေထဲပင်လယ် ရာသီဥတုရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။[3] ထောပတ်သီးသည် အခွံအစိမ်းရောင်ရှိပြီး အသားပေါကာ ဘဲဥပုံ သို့မဟုတ် စက်လုံးပုံ ရှိတတ်သည်။ ထောပတ်သီးပင်များသည် အပင်တစ်ပင်ထဲမှ ဝတ်မှုန်ကူးခြင်းဖြစ်ပွားပြီး ရံဖန်ရံခါတွင် အသီး၏ အရည်အသွေးနှင့် အရေအတွက်ထွက်ရှိမှုကို ထိန်းသိမ်းရန်အတွက် ကိုင်းဆက်ကိုင်းကူးခြင်းဖြင့်လည်း အပင်မျိုးပွားခြင်းကို ပြုလုပ်ကြသည်။