တွားသွားသတ္တဝါ
From Wikipedia, the free encyclopedia
တွားသွားသတ္တဝါဆိုသည်မှာ ရက်ပတီလီးယား (Reptilia) မျိုးပေါင်းတွင် ပါဝင်သော သတ္တဝါများဖြစ်သည်။[1] သူတို့၏ ထင်ရှားသော လက္ခဏာများမှာ အသက်ရှူခြင်း၊ အခွံပါသော ဥများကို ဥခြင်း (အချို့သော မြွေများမှာ အရှင်မွေးကြသည်။) နှင့် အကြေးကွက်များ နှင့် အကြေးခွံများ ပါရှိသော အရေပြားများ ရှိကြခြင်း တို့ဖြစ်သည်။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, Extant groups ...
တွားသွားသတ္တဝါ | |
---|---|
Left to right, top to bottom: Sinai agama (Pseudotraoelus sinaitus), Tokay gecko (Gecko gecko), ကိုမိုဒိုနဂါး (Varanus komodoensis), Tuatara (Sphenodon punctatus), တောကြီး မြွေဟောက် (Ophiophagus hannah), Eastern green mamba (Dendroaspis angusticeps), American alligator (Alligator mississipiensis), Gharial (Gavialis gangeticus), Saltwater crocodile (Crocodylus porosus), Florida box turtle (Terrapene carolina bauri), Galápagos tortoise (Chelonoidis niger), and Green sea turtle (Chelonia mydas) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
Clade: | Sauropsida |
မျိုးပေါင်း: | Reptilia Laurenti, 1768 |
Extant groups | |
See text for extinct groups. |
ပိတ်ရန်
တွားသွားသတ္တဝါများကို ပုံမှန်အားဖြင့် သွေးအေးသတ္တဝါများဟု ရှုမြင်ကြသည်။ သူတို့ကို ခြေလေးချောင်းရှိသော သို့ ခြေလေးချောင်းရှိသော မျိုးရိုးမှ ဆင်းသက်လာသော တက်ထရာပေါ့ဒ်ဟု ခေါ်ဝေါ်ကြသည်။ ယခုခေတ်တွင် တွားသွားသတ္တဝါများသည် အန္တာတိက တိုက်မှ လွဲ၍ တိုက် တိုင်း လိုလိုတွင် နေထိုင်ကြပြီး မျိုးစစ် ၄ ခု ခွဲခြားထားသည်။[2]