တောင်အမေရိကတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်း
From Wikipedia, the free encyclopedia
ဤသည်မှာ တောင်အမေရိကတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်းဖြစ်သည်။ ဤစာရင်း၌ တောင်အမေရိကနှင့် တောင်အမေရိကတိုက်မှနဟုတ်သော နိုင်ငံများ၏ အပြည့်အဝအသိအမှတ်ပြုနိုင်ငံများနှင့် အမှီအခိုနယ်မြေနှစ်များလုံး ပါဝင်သည်။ ဤစာရင်းတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံ ၁၂ ခုနှင့် အချုပ်အခြာအာဏာပိုင်မဟုတ်သော နယ်မြေ ၄ ခုတို့ပါဝင်သည်။
တောင်အမေရိကတိုက်သည် အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာနှင့် မြောက်ဘက်နှင့်အရှေဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာတို့မှ ဝန်းရံထားသည်။ မြောက်အမေရိကတိုက်နှင့် ကာရစ်ဘီယံ ပင်လယ်သည် အနောက်မြောက်အရပ်တွင် တည်ရှိသည်။ တောင်အမေရိကတိုက်၏ ဧရိယာသည် ခန့်မှန်း ၁၇,၈၄၀,၀၀၀ စတုရန်းကီလိုမီတာ (၆,၈၉၀,၀၀၀ စတုရန်းမိုင်)ရှိသည် သို့မဟုတ် ကမ္ဘာမြေမျက်နှာပြင်၏ ၃.၅% နီးပါးရှိသည်။ ၂၀၀၈ ခုနှစ် The World Factbook ၏ လူဦးရေခန့်မှန်းချက်အရ တောင်အမေရိကတိုက်၏ လူဦးရေသည် သန်း ၃၈၀ ကျော်ရှိသည်။ တောင်အမေရိကတိုက်သည် အာရှ၊ အာဖရိကနှင့် မြောက်အမေရိကတိုက်တို့ပြီးလျှင် စတုတ္ထမြောက်အကြီးဆုံး တိုက်ဖြစ်ပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့် မြောက်အမေရိကတိုက်တို့ပြီးလျှင် ပဉ္စမမြောက်လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။[1]
မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်ကြားတွင် နယ်မြေခွဲခြားမှုသည် ရှင်းလင်းမှုမရှိပဲ Isthmus of Panama တွင် တည်ရှိနေနိုင်သည်။