တောင်မျောက်ကလေး
From Wikipedia, the free encyclopedia
တောင်မျောက်ကလေး၏ အင်္ဂလိပ်အမည်ဖြစ်သော "မိုနီတို ဒယ်လ် မွန်တီ (Monito del Monte)" ဟူသော အမည်သည် စပိန်ဝေါဟာရဖြစ်ပြီး တောင်မျောက်ကလေးဟုပင် အဓိပ္ပာယ်ရလေသည်။ ၎င်းတို့သည် အလွန်သေးငယ်သော သားပိုက်အိတ်ပါ နို့တိုက်သတ္တဝါများဖြစ်ပြီး တောင်အမေရိကတိုက်အနောက်တောင်ပိုင်းဒေသဖြစ်သည့် ချီလီနှင့် အာဂျင်တီးနားနိုင်ငံများတွင်သာ တွေ့ရ လေသည်။ ၎င်းတို့ကို ယနေ့ခေတ်သစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိခြင်းမပြုသေးခင်ကမူ လွန်ခဲ့သောနှစ်ပေါင်း ၁၁သန်းခန့်ကတည်းက မျိုးပြုန်းတီးပျောက်ကွယ်သွားခဲ့ပြီဟု ယူဆခဲ့ကြသည်။ တောင်မျောက်ကလေးသည် ညအချိန်တွင် သာ ကျက်စားပြီး သစ်ပင်ပေါ်တွင်သာ အဓိကနေသည်။ ၎င်းတို့သည် အင်န်ဒီးစ် တောင်တန်းများ၏တောင်ဘက်ခြမ်းရှိ ဗာလ်ဒီးလ်ဗီးယန်း သမပိုင်း မိုးသစ်တောများ ရှိ ချီလီဝါးတောများတွင် နေထိုင်ကြသည်။ ၎င်းတို့တွင် တစိတ်တပိုင်း ဆုပ်ကိုင်၍ရသောအမြီး ရှိသည်။ တောင်မျောက်ကလေးများသည် အဓိက အားဖြင့် အင်းဆက်ပိုးမွှားများနှင့် အခြားသော သေးငယ်သည့် ကျောရိုးမဲ့သတ္တဝါလေးများကို စားပြီး ဖြည့်စွက်စာအဖြစ် သစ်သီးကို စားသည်။
တောင်မျောက်ကလေး (စပိန်: Monito del monte[1]) | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
Infraclass: | Marsupialia |
မျိုးစဉ်: | Microbiotheria |
မျိုးရင်း: | Microbiotheriidae |
မျိုးစု: | Dromiciops Thomas, 1894[3] |
မျိုးစိတ်: | D. gliroides |
ဒွိနာမ | |
Dromiciops gliroides | |
မျိုးစိတ်ခွဲ | |
| |
Range of the monito del monte | |
Synonyms[4] | |
Didelphys australis Goldfuss, 1812 |
လေ့လာချက်များအရ တောင်မျောက်ကလေးသည် တောင်အမေရိကတိုက်မှ အခြားသော သားပိုက်အိတ်ပါသော နို့တိုက် သတ္တဝါများထက်စာလျှင် ဩစတြေးလျတိုက်မှ သားပိုက်အိတ်ပါသောနို့တိုက် သတ္တဝါများနှင့် ပိုမို၍မျိုးနီးစပ်မှုရှိသည် ဟု ဆိုသည်။ သမိုင်းမတင်မီခေတ်မှ အလွန်သေးငယ်သောအရိုးများကို ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မှ လယ်မြေတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ရာ ယင်းအရိုးများသည် တောင်မျောက်ကလေးနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ဟု သိရသည်။ ဩစတြေးလျတိုက်၏သိရသမျှတွင် အစောဆုံးဖြစ်သော သားပိုက်အိတ်ပါနို့တိုက်သတ္တဝါများအနက် တစ်မျိုးဖြစ်သော ဒီဂျာသီယာ သည် လွန်ခဲ့သောနှစ်ပေါင်း၅၅သန်းခန့်က ရှင်သန်သွားသော သတ္တဝါတစ်မျိုး ဖြစ်ပြီး ရှေးဦးကျ သောကြွက်နှင့်တူသည့်သတ္တဝါလည်း ဖြစ်သည်။ ယခုအခါ သိပ္ပံပညာရှင်များက ဒီဂျာသီယာကို တောင် မျောက်ကလေး၏ ရှေးဦးကျသောဆွေမျိုးအဖြစ် သတ်မှတ်ထားကြလေသည်။ ယင်းသုတေသနအရ တောင်မျောက်ကလေး သည် ပြန်လည်ခြေရာခံပါက ဒီဂျာသီယာအထိ ရောက်ရှိသွားမည့် မျိုးရိုးအဆက်အနွယ်မှ ဆင်းသက်လာသော နောက် ဆုံးမျိုးဆက် ဖြစ်သည်ဟု ဆိုသည်။ တောင်မျောက်ကလေးနှင့် ဩစတြေးလျတိုက်မှ သားပိုက်အိတ်ပါနို့တိုက် သတ္တဝများအကြားလမ်းကြောင်းလွဲသွားမှုသည် အကြမ်းဖျင်းအားဖြင့် လွန်ခဲ့သောနှစ်ပေါင်း၄၆သန်းခန့်ကဟု ယူဆရသည်။