တောကြီးမြွေဟောက်
တွားသွားသတ္တဝါမျိုးစိတ် / From Wikipedia, the free encyclopedia
တောကြီးမြွေဟောက်သည် အဆိပ်ရှိမြွေတစ်မျိုးဖြစ်ပြီး Elapidae မြွေမျိုးရင်းဝင် မျိုးစိတ်တစ်မျိုးဖြစ်ကာ ပါဏဗေဒအလိုအရ အော့ဖီအီရိုဖာဂတ် ဟန်နာ (Ophiophagus hannah) ဟုအမည်ရသည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင် ငန်းပုပ် 'ငန်းသံကွင်းစွပ်' ဟူ၍လည်းခေါ်ဆိုသုံးနှုန်းလေ့ရှိသည်။တောကြီးမြွေဟောက် မျိုးစိတ်သည် တောင်အာရှ နှင့် အရှေ့တောင်အာရှဒေသများ၏ ဒေသရင်းဇာတိမျိုးစိတ်လည်းဖြစ်သည်။ ၎င်းမျိုးစိတ်သည် Ophiophagus မျိုးစု၏ တစ်ဦးတည်းသော မျိုးစိတ်ဖြစ်ပြီး ၎င်းတို့၏ သိသာထင်ရှားသော အရွယ်အစားနှင့် လည်ပင်းတွင်ရှိသော အရေးအကြောင်းပုံစံများကိုကြည့်၍ အခြားသောမြွေဟောက်များနှင့် ခွဲခြားသိရှိနိုင်လေသည်။ တောကြီးမြွေဟောက်သည် ကမ္ဘာ့ပေါ်တွင်ရှိသော အဆိပ်ရှိမြွေများအနက် အရှည်ဆုံး ခန္ဓာကိုယ်ရှိသော မြွေဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁၀.၄ မှ ၁၃.၁ ပေ (၃.၂ မှ ၄.၀ မီတာ)[2] အရှည်ရှိပြီး မှတ်တမ်းတင်ထားသည့် အရှည်ဆုံးသော တောကြီးမြွေဟောက်၏ အရွယ်အစားမှာ ၁၉.၂ ပေ (၅.၉ မီတာ) ရှိကြောင်းသိရ၏။[3] တောကြီးမြွေဟောက်များသည် ၎င်း၏မျိုးစိတ်များ အပါအဝင် အခြားသောမြွေများအား အစာအလို့ငှါ အဓိက အမဲလိုက်စားသုံးသော သားရဲတိရစ္ဆာန်ဖြစ်သည်။ အခြားမြွေများနှင့်မတူဘဲ ၎င်းတို့သည် ကြွက် နှင့် အိမ်မြှောင် ကဲ့သို့ အခြားသော ကျောရိုးရှိသတ္တဝါများကို အမဲလိုက်ခြင်းမှာ တွေ့ရခဲလေသည်။
တောကြီးမြွေဟောက် | |
---|---|
ပါးပြင်ထောင်နေသော အရွယ်ရောက်ပြီး တောကြီးမြွေဟောက်တစ်ကောင် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Reptilia |
မျိုးစဉ်: | Squamata |
မျိုးစဉ်သေး: | Serpentes |
မျိုးရင်း: | Elapidae |
မျိုးရင်းသေး: | Elapinae |
မျိုးစု: | Ophiophagus Günther, 1864 |
မျိုးစိတ်: | O. hannah |
ဒွိနာမ | |
Ophiophagus hannah Cantor, 1836 | |
တောကြီးမြွေဟောက်များ နေထိုင်ကျက်စားရာ ဒေသများ | |
Synonyms | |
မျိုးစု-အဆင့်:
|